ဖြူးမြို့နယ်၊ ရွာတန်းရှည်ကျေးရွာတွင် စျေးကွက်ဝင် တံမြက်စည်းလုပ်ငန်း လုပ်ကိုင်ခြင်းဖြင့် အဆင်ပြေလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖြူးမြို့နယ်၊ ရွာတန်းရှည်ကျေးရွာတွင် စျေးကွက်ဝင် တံမြက်စည်းလုပ်ငန်း လုပ်ကိုင်ခြင်းဖြင့် အဆင်ပြေလျက်ရှိ


MNP ၊ မတ်  ၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ရွာတန်းရှည်ကျေးရွာအုပ်စု၊ ရွာတန်းရှည်ကျေးရွာတွင် တံမြက်စည်းရက်လုပ်သည့်လုပ်ငန်းကို အသေးစားလုပ်ငန်းတစ်ခုဖြစ် (၂၅)နှစ်တိုင်လုပ်ကိုင်ရာ စျေးကွက်ဝင်အဆင်ပြေနေကြောင်း သိရသည်။


အဆိုပါတံမြက်စည်းလုပ်ငန်းကို တံမြက်စည်းပင်အနှံချိုးယူချိန်ကာလဖြစ်သည့် ဇန်နဝါရီလမှ မတ်လကုန်ထိသာ အဓိကလုပ်နိုင်ပြီးငွေအရင်းအနှီးရှိ၍ ဝယ်ယူလှောင်နိုင်ပါက  မိုးဦးကာလထိလုပ်နိုင်ကြောင်း၊ တံမြက်စည်းရက်လုပ်သည့် ပုံစံအမျိုးမျိုးရှိသော်လည်း ရွာတန်းရှည်ကျေးရွာတွင် လက်ရှိအနေအထားအရ နိုင်လွန်ကြိုးပျော့ဖြင့် ပတ်ချည်ရသည့် (လုံးပတ်)နည်းကိုသာလုပ်နေကြောင်း၊ တစ်ရက်လျှင်တံမြက်စည်းချောင်းရေ(၂၀၀)ကျော်ပြီး၍ ဖောက်သည်ဈေး(၁၀)ချောင်း တစ်စည်းလျှင်(၁၀၀၀၀)ကျပ်ဖြင့် ဈေးကွက်ဖြန့်ကြောင်း တံမြက်စည်းလုပ်ငန်းလုပ်ကိုင်သူဒေါ်ဝင်းဌေးထံမှ သိရသည်။


တံမြက်စည်းရက်လုပ်ပုံအဆင့်ဆင့်ကိုပြောကြားရာတွင် တံမြက်စည်းပင်အနှံများကို ခြောက်သွေ့အောင်နေလှန်းပြီး တံမြက်စည်းပင်အနှံနှင့် တံမြက်စည်းပင် အရိုးကိုခွဲဖဲ့ခြင်း၊ ဖဲ့ထားသည့်တံမြက်စည်းပင်အနှံများကို အနေတော်အရွယ်လုံးစည်းခြင်း၊ ဘလပ်ဆွဲခြင်း၊ လက်ကိုင်ဝါးရိုးအချောင်းဆွဲခြင်း၊ တံမြက်စည်းလက်ကိုင်ဝါးရိုးတွင် နိုင်လွန်ကြိုးပျော့ဖြင့် ပတ်ချည်ခြင်း၊ လက်ကိုင်ဝါးရိုးတွင် ပလပ်စတစ် အလှစွပ်ခြင်းနှင့် လက်ကိုင်ဝါးရိုးအမီးတွင် နံရံ၌ချိတ်ဆွဲနိုင်သည့် ကော်စွပ်တပ်ခြင်းများကို လုပ်ရကြောင်းသိရသည်။


အဓိကကုန်ကြမ်းဖြစ်သော တံမြက်စည်းပင် အနှံများကို ဖြူးဒေသအတွင်း တောင်ကုန်း၊ တောင်တန်းနေရာများတွင် ချိုးယူရောင်းချသူများထံမှလည်းကောင်း ဒိုင်အဖြစ်ဝယ်လှောင်သူများထံမှလည်းကောင်း တစ်ပိဿလျှင်(၂၄၀၀)ကျပ်၊ အချိန်(၁၀၀)ကို (၂၄၀၀၀၀)ကျပ် ဝယ်ရကြောင်းနှင့် အရင်းအနှီးရှိသလို ဝယ်ယူလှောင်ထားနိုင်ပါက လုပ်ငန်းအတွက် ပိုမိုအဆင်ပြေကြောင်း ဈေးကွက်အနေဖြင့် ဖြူးမြို့နယ်နှင့် ပတ်ဝန်းကျင် မြို့တွေကိုဖြန့်ရကြောင်း အများဆုံးဖြန့်နိုင်မှုမှာ  ကရင်ပြည်နယ်၊ ဘားအံမြို့၊ ထိုင်းနယ်စပ် မြို့ဖြစ်သည့် မြဝတီမြို့တို့ဖြစ်ကြောင်း သိရသည်။


နေမျိုးလွင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment