ပေါက်တောမြို့တွင် စာကြည့်တိုက်လုပ်ငန်း စီမံခန့်ခွဲရေး လက်စွဲစာစောင်ဖြင့်ဝန်ထမ်းများ စာဖတ်ဝိုင်းပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့တွင် စာကြည့်တိုက်လုပ်ငန်း စီမံခန့်ခွဲရေး လက်စွဲစာစောင်ဖြင့်ဝန်ထမ်းများ စာဖတ်ဝိုင်းပြုလုပ်





MNP ၊ မတ်  ၁၀

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမတွင် ယနေ့ မွန်းလွဲပိုင်းက မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက စာကြည့်တိုက်လုပ်ငန်း စီမံခန့်ခွဲရေး ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။


အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် စာကြည့်တိုက်လုပ်ငန်း စီမံခန့်ခွဲရေး လက်စွဲစာစောင်တွင်ပါရှိသည့် ဝတ္ထု၊ ဂျာနယ်၊ မဂ္ဂဇင်း၊ ရုပ်ပြစသည့် စာအုပ်များလှူဒါန်းမှု လက်ခံခြင်း၊ ပေးလှူခြင်း၊ ပျောက်ဆုံး ပျက်စီးမှုအတွက် အစားထိုးခြင်း၊ စာရင်းမှပယ်ဖျက်ခြင်းဆိုင်ရာ အကြောင်းအရာများကို အကျယ်တဝင့်ဆွေနွေးပြောကြားခဲ့သည်။


ဆက်လက်၍ ဒုတိယဦးစီးမှူးဦးဝင်းမင်းစိုးက သုတစာပေများ ပျောက်ဆုံး ပျက်စီးမှုအတွက် ဆောင်ရွက်မှုစနစ်များအကြောင်းကို ဖတ်ကြားဆွေးနွေးခဲ့ပြီး၊ ဝန်ထမ်းများက သိရှိလိုသည်များကို မေးမြန်းကြရာ မြို့နယ်ဦးစီးမှူးက ပြန်လည်ဆွေးနွေးခဲ့ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment