(၂၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ခရိုင် အဆင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာ ပန်းချီပြိုင်ပွဲကျင်းပရေး ကြိုတင်လုပ်ငန်းညှိနှိုင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၂၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ခရိုင် အဆင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာ ပန်းချီပြိုင်ပွဲကျင်းပရေး ကြိုတင်လုပ်ငန်းညှိနှိုင်းဆွေးနွေး


MNP ၊ မတ်  ၁၈

ပြည်မြို့တွင် (၂၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်း အမှတ် ခရိုင်အဆင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာ ပန်းချီပြိုင်ပွဲကျင်းပရေး ကြိုတင်လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပခဲ့သည်။


အစည်းအဝေးတွင် ရှေးဦးစွာ ပြည်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဇော်နိုင်ထွန်းက ပြိုင်ပွဲများ ကျင်းပမည့် အစီအမံ များနှင့် ပတ်သက်၍ အမှာစကားပြောကြားပြီး ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူးက ကဏ္ဍအလိုက် ကော်မတီဖွဲ့စည်းထားရှိမှု အခြေအနေနှင့် လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားသည်။


ထို့နောက် တက်ရောက်လာသော ပြည်ခရိုင်အတွင်း ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် မြို့နယ်ရဲတပ်ဖွဲ့ တာဝန် ရှိသူများက ဖွဲ့စည်းထားရှိသော သက်ဆိုင်ရာ ကော်မတီအလိုက် လုပ်ငန်းတာဝန်များ ဆောင်ရွက်ထားရှိမှုနှင့် ပူးပေါင်း ပါဝင်ဆောင်ရွက်မည့် အခြေအနေများကို ဆွေးနွေးညှိနှိုင်းတင်ပြကြရာ ခရိုင်ရဲတပ်ဖွဲ့မှူးက လိုအပ်သည်များ ဖြည့်စွက် ဆွေးနွေးသည်။


အဆိုပါ  လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ခရိုင်ရဲတပ်ဖွဲ့မှူး၊ ဒုတိယခရိုင်အုပ်ချုပ် ရေးမှူး၊ ခရိုင်ပညာရေး၊ ကျန်းမာရေး၊ ပြန်/ဆက်၊ ပို့/ဆက်နှင့် ခရိုင်အဆင့်ဌာန ဆိုင်ရာများ၊ ရဲတပ်ဖွဲ့များ၊ လူမှုအဖွဲ့အစည်းများ၊ ခရိုင်အတွင်း ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးများ တက်ရောက်ပြီး ပြည်မြို့တွင် (၂၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ခရိုင်အဆင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာ ပန်းချီပြိုင်ပွဲကို ယခုလ ၂၂ ရက်နေ့တွင် အထက(၄)၌ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း  ယင်းလုပ်ငန်းညှိနှိုင်း အစည်းအဝေးမှ သိရသည်။


ကိုဆက်

https://t.me/MyanmarNationalPost




No comments:

Post a Comment