မိုးနဲမြို့နယ်၌ ဂေါ်ဖီထုပ်ဈေးကောင်းရသဖြင့် တိုးချဲ့စိုက်ပျိုးလာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးနဲမြို့နယ်၌ ဂေါ်ဖီထုပ်ဈေးကောင်းရသဖြင့် တိုးချဲ့စိုက်ပျိုးလာ


MNP ၊ မတ်  ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ပန်လော့ကျေးရွာနေ ဦးဇော်ဝင်းမောင်၏ ယာခင်း၌ ဂေါ်ဖီထုပ်များ ဈေးကောင်းရရှိနေသဖြင့် ယခင်ထက် တိုးချဲ့စိုက်ပျိုးထားကြောင်း သိရသည်။


ဂေါ်ဖီထုပ်များစိုက်ပျိုးရာတွင် ဘောင်စနစ်ဖြင့် စိုက်ပျိုးထားကြောင်း၊ စိမ့်ရေတွင်း တူးဖော်ထားပြီး ရေမြောင်းသွယ်ပေးထားသဖြင့် အစိုဓာတ် လုံလောက်စွာရရှိကြောင်း၊ နွားချေးမြေဩဇာကို အသုံးပြုထားပြီး ပိုးသက်ဆေးကိုပါ အချိုးကျအသုံးပြုပေးထားကြောင်း၊ မြို့မဈေးကြီးတွင် ဂေါ်ဖီတစ်ထုပ်လျှင် အရွယ်အစားအလိုက် ယခင်ဈေး ၁ ထုပ်လျှင် ကျပ် (၅၀၀)နှင့် (၇၀၀)ကြားပေါက်ဈေးရှိပြီး ယခုအခါ ၁ထုပ်လျှင် ကျပ် (၁၀၀၀)မှ (၁၅၀၀)ကြား ပေါက်ဈေးရှိနေသဖြင့် စိုက်ပျိုးရောင်းချသူများ အဆင်ပြေလျက်ရှိကြောင်း၊ ယာခင်းအတွင်း ကြက်သွန်ဖြူနှင့် ခရမ်းချဉ်ပင်များကိုပါ စိုက်ပျိုးထားသေးကြောင်းနှင့် ဂေါ်ဖီထုပ်ပျိုးပင်များကို ကိုယ်တိုင်ပျိုးထောင်ထားပြီး အပင် (၁၅၀)ကျော် စိုက်ပျိုးထားကြောင်းနှင့် မိမိယာခင်း အတွင်းမှ ဂေါ်ဖီထုပ်များခူးဆွတ်ရောင်းချရသည့် အခါတွင်လည်း ဈေးကောင်းရရှိရန် မျှော်လင့်ကြောင်း တောင်သူ ဦးဇော်ဝင်းမောင်ထံမှ သိရသည်။


ဇင်ကိုကို

https://t.me/MyanmarNationalPost




No comments:

Post a Comment