ပင်လုံမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အပူဒဏ်အန္တရာယ် ကာကွယ်ရေး အသိပညာပေး Talk Show ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပင်လုံမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အပူဒဏ်အန္တရာယ် ကာကွယ်ရေး အသိပညာပေး Talk Show ဆောင်ရွက်


MNP ၊ မတ်  ၁၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ အသိပညာ​ဗဟုသုတ တိုးပွားလာစေရန် ရည်ရွယ်၍ ယမန်နေ့ နေ့လယ် (၁)နာရီအချိန်ခန့်က အပူဒဏ်အန္တရာယ် ကာကွယ်ရေး အသိပညာပေး Talk show အစီအစဥ်ကို  လူထုအခြေပြု​ဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်၍ Online မှတဆင့် ပင်လုံမြို့ ပြည်သူ့စာကြည့်တိုက်(Page)၌ လွှင့်တင်ပေးခဲ့ကြောင်း သိရသည်။


အဆိုပါ Talk Show ကို မြို့နယ်ဦးစီးမှူး ဒေါ်အိမြတ်နိုးသူနှင့် အတူ စာကြည့်တိုက် လက်ထောက်-၃ ဒေါ်အတာစိုးတို့မှ ဆောင်ရွက်ခဲ့ရာ အပူဒဏ်အန္တရာယ်ကို အထူးသတိပြုရမည် သူများ၊ အပူဒဏ်အန္တရာယ်ကြောင့် ပင်ပန်းနွမ်းလျခြင်း၊ အပူဒဏ်ကြောင့် သတိမေ့မျောခြင်း၊ အပူဒဏ်ကြောင့် မလိုလားအပ်သော အကျိုးဆက်များ မဖြစ်ပေါ်စေရန် လိုက်နာရ မည့် ဆောင်ရန်/ရှောင်ရန် အချက်အလက်များ၊ အပူဒဏ်ကြောင့် ဖြစ်ပေါ်တတ်သော ရောဂါလက္ခ​ဏာများ စသည့် အသိပညာပေး အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေး ဆောင်ရွက်ခဲ့သည်။


မိဘပြည်သူများအနေဖြင့် အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း၊ ကိုယ်အပူချိန်တက်ခြင်း၊ သတိလစ်ခြင်းနှင့် အတက် ရောဂါ ဖြစ်ပေါ်ပါက နီးစပ်ရာကျန်းမာရေးဌာနတွင် အချိန်မီသွားရောက် ပြသရန်လိုအပ်ကြောင်း အသိပညာပေး နှိုးဆော်ခဲ့ ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)