သံတွဲမြို့တွင် နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်လှစ်မည် - Myanmar National Post

Myanmar National Post

News Agency

Breaking

သံတွဲမြို့တွင် နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်လှစ်မည်


MNP ၊ မတ်  ၇

လူငယ်လူရွယ်များ အားကစားကိုလေ့လာသင်ယူခြင်းဖြင့် ကျန်းမာကြံ့ခိုင်မှုရှိကြစေရန်နှင့် ထူးချွန်ထက်မြက်ပြီး နိုင်ငံကိုယ်စားပြုလက်ရွေးစင်အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်လျက် သံတွဲမြို့တွင် အခြေခံအားကစားသင်တန်းများကို မြို့နယ်အားကစားခန်းမတွင် ယနေ့မှစ၍ ၂ ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။


နွေရာသီအခြေခံအားကစားသင်တန်းများဖြစ်သည့် ပိုက်ကျော်ခြင်း၊ ကြက်တောင်ရိုက်၊​ ဘောလုံး၊ ဘတ်စကတ်ဘော၊ လက်ဝှေ့၊ ကရာတေးဒိုသင်တန်း၊ ရိုးရာခြင်းစသည့် အားကစားသင်တန်းများကို မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ နည်းပြဆရာ၊ ဆရာမများက ၂၀၂၃ခုနှစ်၊ မတ်လ(၇)ရက်နေ့မှ (၁၄)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် မည်သူမဆို (အခမဲ့)လာရောက် သင်ကြားနိုင်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်လှထံမှ သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)