MNP ၊ မတ် ၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများသို့ ခရိုင်မီးသတ်ဦးစီးဌာန၊ ခရိုင်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များမှ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ၊ စိတ်အေးချမ်းသာစွာဖြင့် စာမေးပွဲဖြေဆိုနိုင်စေရန် မီးဘေးအန္တရာယ် ကင်းရှင်းရေး ကွင်းဆင်းစစ်ဆေး ခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက အဆိုပါ စာစစ်ဌာနများသို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင်တက္ကသိုလ် ဝင်စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေး ချမ်းသာစွာ စာမေးပွဲဖြေဆိုနိုင်စေရန်နှင့် မီးဘေးအန္တရာယ်ဖြစ်ပေါ်မှု မရှိစေရေးတို့အတွက် ဖျာပုံခရိုင် မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသက်နိုင်ဝင်း၊ ဒုတိယဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူများက တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြမည့် စာစစ်ဌာနများရှိ စာဖြေခန်းများတွင် မီးကြိုးများ တပ်ဆင်ထားမှုအခြေအနေ၊ မီးသတ်ဆေးဘူးထားရှိမှု၊ ကျောင်းဝန်း အတွင်း ရေကန်များ တွင်ရေ ဖြည့်သွင်းထားရှိမှု၊ အမှိုက်များအား စနစ်တကျရှင်းလင်းထားရှိမှု၊ မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးများ ထားရှိမှုတို့ကို မီးသတ်ဦးစီးဌာန၏ ညွှန်ကြားချက်များနှင့် အညီ ဆောင်ရွက်ထားရှိစေရေး လိုက်လံကြည့်ရှု စစ်ဆေးရာတွင် ဖျာပုံခရိုင် မီးသတ်ဦးစီးဌာန၊ မြို့နယ် ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ ပါဝင်သောပူးပေါင်း အဖွဲ့မှ လိုက်လံကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။
အောင်ဝင်းနိုင်
https://t.me/MyanmarNationalPost
No comments:
Post a Comment