ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် “ရာကျော် ကပ်ကျော် ကိုးနဝင်းစေတီ’’ ထီးတော်တင်လှူပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် “ရာကျော် ကပ်ကျော် ကိုးနဝင်းစေတီ’’ ထီးတော်တင်လှူပွဲကျင်းပ





MNP ၊ မတ်  ၇

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ၅၈ရပ်ကွက်ရှိ မဟာသဒ္ဓမ္မဇောတိကဓဇဆရာကြီး ဦးသန်း ကမ္မဌာန်းရိပ်သာ ရာပြည့်သုံးထပ် ဘောဇနဆောင် အပေါ်ထပ်တွင် တည်ထားပူဇော်ထားရှိသည့် “ရာကျော် ကပ်ကျော် ကိုးနဝင်းစေတီ’’ ထီးတော်တင်လှူပွဲနှင့် ရာကျော် ကပ်ကျော် ကိုးနဝင်းဗုဒ္ဓ ရုပ်ပွားတော် အနေကဇာ တင်လှူပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါစေတီရင်ပြင်တွင် ကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့၊ မင်းကျောင်း ပရိယတ္တိစာသင်တိုက် ပဓာနမဟာနယက ဆရာတော်ဒေါက်တာ ဘဒ္ဒန္တဝေဠုရိယ၊ အဘိဓဇမဟာရဠ ဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္တဝါစက ပဏ္ဍိတထံမှ ကိုးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်များထံမှ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချတရားတော်နာယူခဲ့ကြကြောင်း သိရသည်။


ဆက်လက်၍ ရာကျော် ကပ်ကျော် ကိုးနဝင်းစေတီ ထီးတော်တင်လှူပွဲကျင်းပရာ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်နှင့် သရီရဓာတ်တော်ပွားများကို မဟာသဒ္ဓမ္မဇောတိကဓဇဆရာကြီး ဦးသန်းကမ္မဌာန်းရိပ်သာမှ ဆရာ၊ ဆရာမများ၊ ဘုရားဒါယကာ၊ ဒါယိကာမများ၊ ဓမ္မမိတ်ဆွေသူတော်စင်များက လင်္ကျာရစ်ပူဇော်ကြပြီး ဘုံ(၇)ဆင့်ရှိ ရွှေထီးတော်၊ ငှက်မြတ်နားတော်၊စိန်ဖူးတော်နှင့် အရံစေတီများရှိ ရွှေထီးတော်များကို တပြိုင်နက် တည်းတင်လှူပူဇော်ခဲ့ကြကြောင်း သိရသည်။


အေးမဥ္ဇူ 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)