မြောက်ဦးမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ သင်္ချာဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူများ အေးချမ်းတည်ငြိမ်စွာဖြေဆိုလျှက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ သင်္ချာဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူများ အေးချမ်းတည်ငြိမ်စွာဖြေဆိုလျှက်ရှိ




MNP ၊ မတ်  ၁၀

ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ သင်္ချာဘာသာရပ်အား ယနေ့ နံနက် ၉ နာရီကစတင်ကာ မြောက်ဦးမြို့နယ် အတွင်း စာစစ်ဌာန(၃)ခု၌ကျောင်းသား၊ကျောင်းသူစုစုပေါင်း(၈၇၃)ဦးတို့ကတည်ငြိမ်အေးချမ်းစွာဝင်ရောက်ဖြေဆိုလျှက်ရှိကြောင်းသိရသည်။ 


ထို့နောက် ကျောင်းသား၊ကျောင်းသူများ အေးချမ်းတည်ငြိမ်စွာဖြေဆိုနိုင်ရန်အတွက် မြို့နယ် အ ဆင့် ဌာနဆိုင်ရာများ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊မြန်မာနိုင်ငံကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များမှအတွင်းစည်း၊ အပြင်စည်းများဖြင့်ဝိုင်းဝန်းကူညီစောင့်ရှောက်ပေးလျှက်ရှိသည်။မြောက်ဦးမြို့နယ်အတွင်းရှိစာစစ်ဌာန(၃)ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့် စာရင်းရှိကျောင်းသား၊ ကျောင်းသူ စုစု ပေါင်း (၉၆၉)ဦးရှိပြီး အ.ထ.က(၁)စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုသူ (၃၈၆)ဦး၊ အထက-၂ စာစစ်ဌာနတွင်(၃၇၁)ဦး၊ အထက-မြောင်းဘွေစာစစ်ဌာနတွင်(၁၁၆)ဦး၊ စုစုပေါင်းစာစစ်ဌာန(၃) မှ ဝင်ရောက်ဖြေဆိုသူ(၈၇၃)ဦး၊ ပျက်ကွက် (၉၆) ကြောင်း ၊ စာစစ်ဌာန (၃) ခုတွင် ဖြေဆိုသည့် ကျောင်းသား/ကျောင်းသူ ရာခိုင်နှုန်း (၉၀.၀၉) ရှိပြီး ပျက်ပျက်ရာခိုင်နှုန်းမှ (၉.၉၁) ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


မြင့်စိုး၊စိုးငြိမ်းနိုင် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment