ကျိုက်ထိုမြို့နယ်၌ နွေရာသီ မြန်မာ့ရိုးရာအ‌ခြေခံ ခြင်းလုံးခတ်နည်းသင်တန်း ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ်၌ နွေရာသီ မြန်မာ့ရိုးရာအ‌ခြေခံ ခြင်းလုံးခတ်နည်းသင်တန်း ဖွင့်လှစ်





MNP ၊ မတ်  ၁၅

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Center) ခန်းမတွင် မတ် (၁၅)ရက် ၊ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကာ‌ နွေရာသီ မြန်မာ့ရိုးရာ အခြေခံ ခြင်းလုံး ခတ်နည်း သင်တန်းကို ကျင်းပပြုလုပ်ခဲ့သည်။


သင်တန်းဖွင့်ပွဲတွင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က လူငယ်များ နွေရာသီကျောင်းပိတ်ရက်၌ အချိန်ကို အကျိုးရှိစွာအသုံးချပြီး အားကစားဖြင့် ကာယဉာဏ စွမ်းရည် ဘက်စုံဖွံ့ဖြိုးတိုးတက်ကာ အနာဂတ်၌နိုင်ငံ့သားကောင်းများဖြစ်လာစေရေး အမှာစကားပြောကြားသည်။


       ယင်းနောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှူး ဦးရန်နိုင်အောင်က ကျိုက်ထိုမြို့နယ် အတွင်း လူငယ်များဘက်စုံဖွံ့ဖြိုးရေး နွေရာသီအားစားသင်တန်း ဖွင့်လှစ်ပေးနေမှုများကို ရှင်းလင်းပြောကြားပြီး  ခြင်းလုံးနည်းပြ  ဦးသူရိန် က အခြေခံမြန်မာ့ ခြင်းလုံးပညာများဖြစ်သည့် ရှေ့ခြေဖျား၊ ရှေ့ခြေခွင်၊ ရှေ့ဒူး၊ ဘေးဖဝါး၊ ဘေးဖနောင့်၊ ဘေးဖမျက် အခြေခံအထိ ခြောက်ချက်တို့ကို စနစ်တကျ အခမဲ့သင်ကြားပေးသွားမည်ဖြစ်သည်။


        အဆိုပါသင်တန်းသို့ ကျောင်းသား ကျောင်းသူ လူငယ် (၂၅)ဦးတို့တက်ရောက်ကြပြီး သင်တန်းကာလမှာ မတ်လ(၁၅)ရက်နေ့မှ (၂၄ )ရက်နေ့အထိ (၁၀)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment