ရသေ့တောင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ထိုင်ခုံလုပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ထိုင်ခုံလုပြိုင်ပွဲကျင်းပ




MNP ၊ မတ်  ၁၅

      ရခိုင်ပြည်နယ်၊ စစ်​တွေခရိုင်၊ ရသေ့တောင်မြို့နယ်၌ ထိုင်ခုံလုပြိုင်ပွဲကို ပြန်ကြား ရေးနှင့်ပြည်သူ့ဆက် ဆံရေဦးစီးဌာန လူထုအခြေပြဗဟိုဌာန (Commm unity  Centre)ခန်းမတွင် မူလတန်းအဆင့် ကလေးငယ်များဖြင့် မတ်လ ၁၅ရက် နေ့ လယ်(၁)အချိန်ကကျင်းပပြုလုပ်ခဲ့သည်။


ထိုင်ခုံလုပြိုင် ပွဲအား ကျောင်းသားကျောင်းသူ လူငယ်လေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆန်းသစ်တီထွင် ဖန်တီးလိုစိတ်များ ဖြစ်ပေါ် လာစေရန်နှင့် နွေရာသီအားလပ်ရပ်များကို အကျိုးရှိစွာအသုံးချတတ်စေရန်ရည်ရွယ်၍ ကျင်း ပပြုလုပ်ပြီး ရသေ့တောင်မြို့ နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဒုတိယ ဦးစီးမှူး ဒေါ်တင်ဇာဦးကထိုင်ခုံလုပြိုင်ပွဲ ကျင်းပရခြင်း၊ ပြိုင်ပွဲနှင့်ပတ် သက်သည့် အမှတ် ပေးစည်းမျဉ်းများအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။   


ဆက်လက်၍ ပြိုင်ပွဲအား ကျင်းပခဲ့ရာ ရသေ့တောင်မြို့အမှတ်(၂)အ ခြေခံပညာ အထက် တန်းကျောင်းမှ ကျောင်းသားကျောင်း သူ(၁၀)ဦး ပါဝင်ယှဉ် ပြိုင်ခဲ့ကြသည်။


ထို့နောက် ဒုတိယဦးစီးမှူး ဒေါ်တင်ဇာဦးနှင့် လုပ်သားရုပ်သံ ဒေါ်အေးအေးခင်တို့က ကျောင်း သားကျောင်းသူများအား အားလပ်ချိန်တွင် စာကြည့်တိုက်သို့လာရောက်၍ စာပေလေ့လာဖတ်ရှု့ကြရန်၊ စာပေမှအသိပညာဗဟုသုတများရရှိ၍ ဘက်စုံဖွံ့ဖြိုးတိုးတက်ကြရန်ဆွေးနွေးဟော ပြောခဲ့ပြီး ပြုင်ပွဲတွင်ဆုရရှိသူ များအား ဒုတိယဦးစီးမှူး ဒေါ်တင်ဇာဦးက ဆုများချီးမြှင့်ကာ ပြိုင်ပွဲဝင်များအားဗလာစာအုပ်များပေးအပ်ခဲ့ကြောင်းသိရှိသည်။


 https://t.me/MyanmarNationalPost



No comments:

Post a Comment