ပရီးမီးယားလိပ်ပွဲစဉ် ၂၆ တနင်္ဂနွေနေ့ည ပွဲစဉ်များအတွက် ပွဲကြိုသုံးသပ်ချက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပရီးမီးယားလိပ်ပွဲစဉ် ၂၆ တနင်္ဂနွေနေ့ည ပွဲစဉ်များအတွက် ပွဲကြိုသုံးသပ်ချက်



MNP - မတ် ၁၂


ပရီးမီးယားလိပ်ပွဲစဉ် ၂၆အဖြစ် တနင်္ဂနွေနေ့(ယနေ့) မြန်မာစံတော်ချိန် ည ၈:၃၀ အချိန်မှာ စတင်ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ဒီနေ့ညမှာတော့ ပရီးမီးယားလိပ်လက်ကျန်ပွဲစဉ် ၄ပွဲ ယှဉ်ပြိုင်ကစားဖို့ ရှိနေတာ ဖြစ်ပါတယ်။


မန်ယူ - ဆောက်သမ်တန်  (ယနေ့ည ၈:၃၀)

မန်ချက်စတာယူနိုက်တက်အသင်းနှင့် ဆောက်သမ်တန်အသင်းတို့ဟာ မန်ယူအိမ်ကွင်း အိုးထရပ်ဖို့ဒ်မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။မန်ယူဟာ ပေါက်ကွဲမှာပါ၊လီဗာပူးလ်ကို ၇ဂိုးပြတ်အရှက်တကွဲရှုံးခဲ့တဲ့ အနာဟောင်းက မကျက်သေးပါဘူး သူတို့ပေါက်ကွဲမှာပါ၊ဆောက်သမ်တန်ဆိုတာ မန်ယူဂိုးပြတ်သွင်းနေကြအသင်းပါ၊အိမ်ရှင် သရဲနီတွေဟာ စိန့်တိုကို ဂိုးပြတ်ချေမှုန်းပြီး ပြန်လာပြီလို့ ဟစ်ကြွေးပါလိမ့်မယ်။(ခန့်မှန်းရလဒ် မန်ယူ ၄-  ၀ ဆောက်သမ်တန်)


ဝက်စ်ဟမ်း - အက်စတွန်ဗီလာ  (ယနေ့ည ၈:၃၀)

ဝက်စ်ဟမ်းယူနိုက်တက်အသင်းနှင့် အက်စတွန်ဗီလာအသင်းတို့ဟာ ဝက်စ်ဟမ်းအိမ်ကွင်း လန်ဒန်စတေဒီယန်မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။အမှတ်မလိုတဲ့ဗီလာကို ဒေးဗစ်မွိုက်(ဝက်စ်ဟမ်းနည်းပြ)က မာစတာပလန်နဲ့ ရှယ်တီးပြလိမ့်မယ်။တန်းဆင်းဇုံအသင်းတွေ ရလဒ်ကောင်းတဲ့ ဒီအပတ်မှာ နောက်ဆုံးရုန်းထသူဟာ ဝက်စ်ဟမ်းဘဲဖြစ်လိမ့်မယ်။ပေါက်ကွဲဖို့လူအင်အားလက်နက်က အိမ်ရှင်ဝက်စ်ဟမ်းအတွက် လုံလောက်တာထက်ပိုပါတယ်။(ခန့်မှန်းရလဒ် ဝက်စ်ဟမ်း ၂ - ၀ အက်စတွန်ဗီလာ)


ဖူဟမ် - အာဆင်နယ် (ယနေ့ည ၈:၃၀)

ဖူဟမ်အသင်းနှင့် အာဆင်နယ်အသင်းတို့ဟာ ဖူဟမ်အိမ်ကွင်း ကရာဗန်ကော့တိပ်မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ဖူဟမ်ဟာ အာဆင်နယ်ကို တတ်နိုင်သမျှ ဒုက္ခပေးမှာပါ၊ ဝီလီယံ  လီနိုတို့ရဲ့ အပယ်ခံဖြစ်ခဲ့တဲ့ ပေါက်ကွဲအားက ကြောက်စရာပါ၊ဒါပေမယ့် အဓိကကစားသမာတွေ မပါဝင်နိုင်ခြင်းက ဖူဟမ်အတွက် ထိုးနှက်ချက်ကြီးတစ်ခုပါ၊ဇယားထိပ်က အာဆင်နယ်ကို ရပ်တန့်ဖို့ ထင်သလောက်မလွယ်ကူပါဘူး၊အဝေးရလဒ်ပိုကောင်းတတ်တဲ့ ဧည့်သည်ဂန်နားတွေဟာ ခက်ခဲတဲ့ နိုင်ပွဲရယူသွားပါလိမ့်မယ်။(ခန့်မှန်းရလဒ် ဖူဟမ် ၁ - ၃ အာဆင်နယ်)


နယူးကာဆယ် - ဝုဖ် (ယနေ့ည ၁၁:၀၀)

နယူးကာဆယ်အသင်းနှင့် ဝူဗာဟမ်တန်အသင်းတို့ဟာ နယူးကာဆယ်အိမ်ကွင်း စိန့်ဂျိမ်းစ်စပေါ့ခ်ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။နယူးကာဆယ် ယိုင်နေတာ ကြာပါပြီ ပြန်လည်ရုန်ထဖို့ အချိန်ကောင်းပါ၊ဒါပေမယ့် တစ်ဖက်က ဝုဖ်ပါ၊ဝုဖ်ကို ဖြိုခွင်းဖို့ ကာဆယ်တိုက်စစ်က လုံလောက်မှုရှိရဲ့လားဆိုတာ မေးခွန်းထုတ်စရာပါ။ပြတ်သားတဲ့ရလဒ်ထွက်ပေါ်ဖို့ခက်ခဲပါတယ်၊ဂိုးနည်းပြီး သရေရလဒ်သာ ထွက်ပေါ်ပါလိမ့်မယ့်။(ခန့်မှန်းရလဒ် နယူးကာဆယ် ၁ - ၁ ဝုဖ် )


မြန်မာနေရှင်နယ်ပို့စ်




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)