ကျောင်းသား/ကျောင်းသူများ၏ အခက်အခဲကို ကူညီဆောင်ရွက်ပေးနေတဲ့ ယာဉ်ထိန်းများ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောင်းသား/ကျောင်းသူများ၏ အခက်အခဲကို ကူညီဆောင်ရွက်ပေးနေတဲ့ ယာဉ်ထိန်းများ





MNP ၊ မတ် ၉

ယနေ့ လူမှုကွန်ရက်စာမျက်နှာမှာ တက္ကသိုလ်ဝင်တန်း ကျောင်းသား/ ကျောင်းသူတွေရဲ့ အခက်အခဲကို ယာဉ်ထိန်းတပ်ဖွဲ့ဝင်များက ကူညီဖြေရှင်းပေးခဲ့တဲ့ မှတ်တမ်းတွေ ထွက်ပေါ်လာပါတယ်။


အထက ၇ မြောက်ဥက္ကလာကျောင်းတွင် တက္ကသိုလ်ဝင်တန်းဖြေဆိုနေသူ ကျောင်းသူတစ်ဦး မြောက်ဒဂုံ ၅၀ ရပ်ကွက်နေအိမ်တွင် စာဖြေကဒ် ကျန်ခဲ့သဖြင့် ယာဉ်ထိန်းမီးတန်းယာဉ်ဖြင့် အချိန်မှီသွားရောက်ယူဆောင်ပေးခဲ့ပါတယ်။


ယမန်နေ့ကကလည်း စာမေးပွဲဖြေဆိုခွင့်ကဒ် အိမ်မှာမေ့ကျန်ရစ်ခဲ့သူ စာဖြေကျောင်းသားကို ဒုတက ဇော်နိုင်ဦး မောင်းနှင်သော ကမာရွတ်မြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့၏ ရှေ့ပြေးမီးတန်းဆိုင်ကယ်ဖြင့် ကူညီစောင့်ရှောက် ပို့ဆောင်စေခဲ့ရာ ဘေးအန္တရာယ်ကင်းစွာ စာမေးပွဲခန်းကို အချိန်မီပြန်လည် ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။


မျိုးဆက်သစ် ကျောင်းသား/လူငယ်တွေ ရင်ခုံစိတ်လှုပ်ရှားစွာနဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုနေကြချိန်မှာ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များအနေနဲ့ နှစ်စဉ်နှစ်တိုင်း ဆိုသလို ထင်မှတ်မထားတဲ့ အခြေအနေနဲ့ ကြုံတွေ့ရတဲ့အခါ အခုလို ကူညီဆောင်ရွက်ပေးခဲ့တဲ့ မှတ်တမ်းကောင်းတွေ ရှိခဲ့ပါတယ်။


#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)