နမ့်ဆန်မြို့နယ်၌ မဟာသဒ္ဒမဇောတိကဓဇဘွဲ့ကိုရရှိတော်မှုသော လောကပါလအသင်းနှင့် ကာလဒါနအသင်းတို့၏ ဦးဆောင်ဆရာတော် အရှင်ဉာဏိကအားကြိုဆိုဂုဏ်ပြုခြင်း အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ့်ဆန်မြို့နယ်၌ မဟာသဒ္ဒမဇောတိကဓဇဘွဲ့ကိုရရှိတော်မှုသော လောကပါလအသင်းနှင့် ကာလဒါနအသင်းတို့၏ ဦးဆောင်ဆရာတော် အရှင်ဉာဏိကအားကြိုဆိုဂုဏ်ပြုခြင်း အခမ်းအနားကျင်းပ




MNP ၊ မတ်  ၉

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ မဟာသဒ္ဒမဇောတိကဓဇဘွဲ့ကို ရရှိတော်မှုသော လောကပါလအသင်းနှင့်ကာလဒါနအသင်းတို့၏ ဦးဆောင်ဆရာတော် အရှင်ဉာဏိကအား လောကပါလအသင်းနှင့် ကာလဒါနအသင်းတို့မှ မတ်လ ၇ နံနက် (၉)နာရီ အချိန်က ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း သိရသည်။


ထိုသို့ နိုင်ငံတော်မှချီးမြှင့်သော မဟာသဒ္ဒမဇော်တိကဓဇဘွဲ့တံဆိပ်တော်ရ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့၊ အောင်မင်္ဂလာနမ့်ဆန်ကျောင်းတိုက်ဆရာတော်ဘဒ္ဒန္ဓဉာဏိကအား ဂုဏ်ပြုကြိုဆိုကြရာတွင် ဆရာတော်၊ သံဃာတော်များ၊ နမ့်ဆန်မြို့နယ်၊ မန်ပန်ကျေးရွာမှဂေါပက အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သန်းနှင့်အဖွဲ့ဝင်များ၊ ကျေးရွာသူ/ သားများ၊ လောကပါလအသင်းနှင့် ကာလဒါနအသင်းတို့မှ ကြိုဆိုဂုဏ်ပြုကြရာ နမ့်ဆန်မြို့အဝင်မှ လမ်းမကြီးတလျှောက် ဂုဏ်ပြုမော်တော်ယာဉ်ပလ္လင်ဖြင့်ပင့်ဆောင်ကာ အများပြည်သူကြည်ညိုစေရန်အတွက် လှည့်လည်ပူဇော်ခံပြီး ဆရာတော်သီတင်းသုံးရာ ဘုရာကြီးကျောင်းတိုက်သို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)