ကရသူရိမြို့၌ ကွမ်းရွက်ဈေးကောင်းရသော်လည်း အထွက်နည်းနေ၍ မြို့ကြီးများမှတစ်ဆင့် မှာယူနေရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရသူရိမြို့၌ ကွမ်းရွက်ဈေးကောင်းရသော်လည်း အထွက်နည်းနေ၍ မြို့ကြီးများမှတစ်ဆင့် မှာယူနေရ



MNP ၊ မတ်  ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့ရှိ ဒေသခံအချို့မှာ ကွမ်းရွက်ကို စီးပွားဖြစ်စိုက်ပျိုးကြပြီး ယခုနှစ်တွင် ပိုးမွှားရောဂါအဖျက်အဆီးများပြီး အထွက်နည်းသဖြင့် မြို့ကြီးများမှတစ်ဆင့် မှာယူနေရကြောင်းသိရသည်။


“ဒီဘက်ဒေသမှာ ကွမ်းရွက်ကို လုံလောက်အောင် တော်တော်များများစိုက်ကြပေမဲ့ ကွမ်းခြံအများစုက ပိုးမွှားရောဂါကျလို့ မျိုးပြုန်းတဲ့အထိဖြစ်သွားတယ်။ စတင်စိုက်ပျိုးမယ်ဆိုရင် အများအားဖြင့် ဇွန်လပိုင်းတွင်စိုက်ပျိုးကြပြီး ကွမ်းညွန့်(ကွမ်းမျိုး)တစ်ပင်ကို(၂၀၀)ကျပ်ဖြင့် ဝယ်ယူရတယ်။ အပင်သက်တမ်း(၃)လကြာမှ ခူးရောင်းနိုင်တယ်။ လက်ရှိ ကွမ်းရွက်တစ်ပိဿာ (၇၀၀၀)ကျပ်အထိဈေးကောင်းရပြီး တစ်နေ့ပျမ်းမျှဝင်ငွေ(၁၃၀၀၀)ကျပ်ခန့် နေ့စဉ်ခူးရောင်းရတယ်” ဟု တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားသူ တစ်ဦးကပြောသည်။


ယခုနှစ်တွင် ပိုးမွှားရောဂါဖျက်ဆီးသဖြင့် အထွက်နှုန်းလျော့နည်းသကဲ့သို့ စိုက်ပျိုးသူရှားပါးလာခြင်းတို့ကြောင့် ကွမ်းရွက်ဈေးကောင်းရရှိသော်လည်း မလုံလောက်မှုမရှိသည့်အတွက် မြို့ကြီးများသို့ တိုက်ရိုက်ဆက်သွယ်မှာယူနေရကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment