ပေါက်တောမြို့၌ လူငယ်နှင့်စည်းကမ်း ခေါင်းစဥ်ဖြင့်အသိပညာပေး (Talk Show) ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့၌ လူငယ်နှင့်စည်းကမ်း ခေါင်းစဥ်ဖြင့်အသိပညာပေး (Talk Show) ပြုလုပ်



MNP ၊ မတ်  ၁၅

ရခိုင်ပြည်နယ် စစ်တွေခရိုင် ပေါက်တောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူလူထုများအတွက်အသိပညာဗဟုသုတပေးခြင်းအစီအစဉ်များကိုစဥ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာယနေ့ မွန်းလွဲ ၂ နာရီကလူငယ်နှင့်စည်းကမ်းခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆောင်ရွက်ခြင်းအစီအစဉ်ကိုမြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre )တွင် ပြုလုပ်သည်။


အဆိုပါ အစီအစဉ်တွင် ပေါက်တောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိန် ကTalk Show ပြုလုပ်ခြင်းပတ်သက်ရှင်းလင်းပြောကြားပြီး Youth Club အဖွဲ့ဝင် မောင်ခန့်စည်လင်း က လူငယ်နှင့်စည်းကမ်းခေါင်းစဥ်ဖြင့် အကျယ်တဝင့်ဆွေးနွေးပြောကြားသည်။


ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက်သို့ မလာနိုင်သည့် စာဖတ်ပရိသတ်များနှင့် ကလေးငယ်များအတွက် ပုံပြင်ပြောခြင်း၊ကဗျာရွတ်ဆိုခြင်း၊ စာအုပ်မိတ်ဆက်ခြင်း၊ စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်း ၊ လူငယ်စကားဝိုင်း နှင့် အသိပညာပေး (Talk Show ) အစီအစဉ်များရိုက်ကူး ပြီး ပေါက်တောမြို့နယ် Facebook Page တွင်တင်ဆက်ပေးလျက်ရှိသည့်အပြင် စာဖတ်ပရိသတ် လက်ဝယ်အရောက် စာအုပ်စာစောင်များအား ရွေ့လျားစာကြည့်တိုက်အဖြစ်ကွင်းဆင်းကာ အခမဲ့ငှားရမ်းပေးလျက်ရှိကြသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)