နေပြည်တော် မတ် ၂၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး နှင့်ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသစီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများနှင့် တွေ့ဆုံညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဦးဝဏ္ဏမောင်လွင်၊ ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ မန်းငြိမ်းမောင်၊ ဒေါက်တာ မှုထန်၊ ဦးမောင်ကို၊ ဒေါက်တာ အောင်ကျော်မင်း၊ ဒေါက်တာကျော်ထွန်း၊ ခွန်စံလွင်၊ ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊ ဗဟိုဘဏ်ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး နှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသစီမံအုပ်ချုပ် ရေးဖွဲ့ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာ စကားပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံအနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ နိုင်ငံတကာဆက်ဆံရေးနှင့် ကာကွယ်ရေး တို့အတွက် အစီအမံများချမှတ်ဆောင်ရွက်ရကြောင်း၊ မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအနေဖြင့်လည်း နိုင်ငံတော်ကို တာဝန်ယူဆောင်ရွက်ချိန်တွင် ရည်မှန်း ချက်(၅)ရပ်နှင့် ဦးတည်ချက်(၁၂)ရပ်ကိုချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း၊ ထို့ကြောင့် မိမိတို့ဆောင်ရွက်နေရသည့် အခန်းကဏ္ဍသည် နိုင်ငံ တော်အဆင့်ဆောင်ရွက်နေရခြင်းဖြစ်သောကြောင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အလေးထားစဉ်းစားဆောင်ရွက်ကြရန်လိုကြောင်း။
မိမိတို့အစိုးရသည် ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ တွင် မဲမသာမှုများဖြစ်ပေါ်ခဲ့ခြင်းကြောင့် ၂၀၂၁ ဖေဖော်ဝါရီမှစ၍ ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ခုနှစ်)နှင့်အညီ နိုင်ငံရေးအရအရေးပေါ် အခြေအနေကြေညာခဲ့ပြီး နိုင်ငံ တော်၏ တာဝန်များကို စတင်ထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် တိုင်းပြည်ကောင်းရန်အတွက် ရိုးသားစွာဖြင့် တာဝန်ထမ်းဆောင်နေခြင်းဖြစ်ကြောင်း၊ မိမိတို့ဆောင်ရွက်ခဲ့မှုများသည် သမိုင်းမှတ်တမ်းများတွင်ကျန်ရှိနေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့တာဝန်များကို ထမ်းဆောင်ချိန်တွင် ရိုးသားစွာဖြင့် နိုင်ငံဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ကြရန်လိုကြောင်း ထည့်သွင်းပြောကြားသွားသည်။
#MyanmarNationalPost



No comments:
Post a Comment