ရခိုင်ပြည်နယ် မောင်တောမြို့၌ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲပြုလုပ်





MNP ၊ မတ် ၂၅

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌  မြို့နယ်မှတ်ပုံတင်ရေး အဖွဲ့မှ  မြို့နယ်အတွင်း မှတ်ပုံတင်ခွင့် ပြုထားသည့် သက် တမ်း ရှိအသင်း အဖွဲ့ဝင်များအား အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနှင့် အကြမ်းဖက်မှုများကို ငွေကြေး ထောက်ပံ့ ရာတွင် NPO များကို အလွဲသုံးစားပြုခြင်းဆိုင်ရာ ကိစ္စရပ်များ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ အသိပညာပေးဆွေးနွေး ပွဲတွင် မြို့နယ်မှတ်ပုံတင်ရေးအဖွဲ့ ဥက္ကဌ ကံထွန်းအောင်က ဆွေးနွေးပွဲ ပြုလုပ်ရ သည့် ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးခဲ့ကာ အသင်းအဖွဲ့များအ‌နေဖြင့် လိုက်နာရမည့်စည်းကမ်းချက်များကို ချပြ ဆွေး နွေးခဲ့ပြီး အသင်းအဖွဲ့များဆိုင်ရာဥပဒေ ပြဌာန်းချက်များကို အသေးစိတ် ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။ 


အောင်ကျော်စိန်  သက်လွင်စိုး 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)