မာန်အောင်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို ကျောင်းသား၊ကျောင်းသူ(၃၆၁ )ဦးမှ အေးချမ်းစွာဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို ကျောင်းသား၊ကျောင်းသူ(၃၆၁ )ဦးမှ အေးချမ်းစွာဖြေဆို





MNP ၊ မတ်  ၈

၂၀၂၂-၂၀၂၂၃ ပညာသင်နှစ်၊တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝှမ်းတွင် မတ်လ၈ရက်နေ့တွင် စတင်ဖြေဆိုလျက်ရှိရာရခိုင်ပြည်နယ် မာန်အောင်မြို့နယ်မှ တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို ကျောင်းသား၊ကျောင်းသူ(၃၆၁)ဦးမှ အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်းသိရသည်။


    ထိုသို့စာမေးပွဲ စစ်ဆေးခြင်းကို မတ်လ(၈)ရက်နေ့မှ(၁၈)ရက်နေ့ထိ တစ်နေ့လျှင်တစ်ဘာသာနှုန်းဖြင့် နံနက်၉နာရီမှ၁၂နာရီထိ၃နာရီမေးခွန်းလွှာကို သက်ဆိုင်ရာစာစစ်ဌာန အသီးသီးတွင် စစ်ဆေးလျှက်ရှိရာ တာ ဝန်ကျဆရာ၊ ဆရာမများမှစနစ်တကျကြီးကြပ်ဆောင်ရွက်လျက်ရှိပြီးတက္ကသိုလ်ဝင်စာမေး ပွဲ ခရိုင်ကြီးကြပ်မှုအဖွဲ့ခေါင်းဆောင်နှင့်အဖွဲ့ဝင်များ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာများက ကျောင်းသား၊ကျောင်းသူဖြေဆိုနေမှုအားလှည့်လည် ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။


    မာန်အောင်မြို့နယ်တွင် စာစစ်ဌာနများဖြစ်သည့် အ-ထ-က မာန်အောင်နှင့်အ-ထ-က(ခွဲ)စျေးတန်းစာစစ်ဌာန(၂)ခုရှိရာ စာစစ်ဌာနများတွင် ဖြေဆိုရန်စာရင်းရှိကျောင်းသား၊ကျောင်းသူ (၄၂၃)ဦးရှိသည့်အနက်ဖြေဆိုသူ (၃၆၁) ဦး၊ ပျက်ကွက်သူ(၆၂)ဦးရှိရာဖြေဆိုမှုရာခိုင်နှုန်း (၈၅.၃)ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။


ဦးသိန်းဖေ

 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)