နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း ဥတ္တရသီရိမြို့နယ်ရှိ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် စာစစ်ဌာနများအား သွားရောက်ကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း ဥတ္တရသီရိမြို့နယ်ရှိ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် စာစစ်ဌာနများအား သွားရောက်ကြည့်ရှု


MNP ၊ မတ်  ၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ  ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် အခြေခံပညာအထက်တန်းကျောင်းများရှိ  စာစစ်ဌာနများအား ယမန်နေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း   သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။


ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက အမှတ်(၁၂) အခြေခံပညာ အထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဥတ္တရခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူးနှင့် စာဖြေဌာနတွင် တာဝန်ထမ်းဆောင်မည့် ကြီးကြပ်ရေးမှူးများနှင့် တွေ့ဆုံ၍ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာဖြေဆိုနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း ဆောင်ရွက်ရေး၊ မေးခွန်းနှင့်အဖြေလွှာများ လုံခြုံမှုရှိစေရေး၊ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ထားရှိစေရေးနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အလေးထားဆောင်ရွက်သွားကြရန် ရှင်းလင်းပြောကြားပြီး တက်ရောက်လာသည့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်​ပြကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက တင်ပြချက်များအပေါ်  ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။


ထို့နောက် နေပြည်ကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများက အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာအထက်တန်း ကျောင်း (တောင်ညို)တို့ရှိ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် စာဖြေခန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ထားရှိသည့် အခန်းများကို လိုက်လံကြည့်ရှုခဲ့ပြီး ဥတ္တရသီရိမြို့နယ်အနေဖြင့် စာစစ်ဌာန (၆)ခုတွင် ဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူ စာရင်းရှိဦးရေ စုစုပေါင်း(၃၇၄)ဦး ရှိကြောင်းသိရသည်။


ကျော်စွာဟိန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment