ဗုဒ္ဓဘာသာနှင့် ယဉ်ကျေးလိမ္မာ သင်တန်းများ ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗုဒ္ဓဘာသာနှင့် ယဉ်ကျေးလိမ္မာ သင်တန်းများ ဖွင့်လှစ်



MNP ၊ မတ် ၁၃

ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များအနေဖြင့် နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိရှိအသုံးချပြီး မိမိတို့အတွက် အကျိုးရှိစေမည့် ယဉ်ကျေးလိမ္မာမှုများကို လေ့လာသင်ယူနိုင်ရန်၊ မိမိတို့ကိုးကွယ်ယုံကြည်မှုနှင့် စပ်လျဉ်းပြီး သိသင့်သိထိုက်သည့် ဘုရားရှိခိုးခြင်း၊ သီလဆောက်တည်ခြင်း၊ ဗုဒ္ဓမြတ်စွာဘုရားနှင့် ပတ်သက်သည့် သမိုင်းကြောင်းဆိုင်ရာ ဗုဒ္ဓဝင်နှင့် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူတိုင်း လက်ကိုင် ထားကျင့်သုံးရမည့် မင်္ဂလသုတ်တော် အပါအဝင် အခြားသိသင့် သိထိုက်သည့် ဘာသာ ရေးဗဟုသုတများကို ထဲထဲဝင်ဝင် သိရှိစေရန်၊ ယဉ်ကျေးလိမ္မာသည့် သားကောင်း၊ သမီး ကောင်းများအဖြစ်သာမက မိမိပတ်ဝန်းကျင်၊ မိမိနိုင်ငံအတွက် အကျိုးပြုနိုင်ပြီး ဘာသာ၊ သာသနာကို အရှည်တည်တံ့ တိုးတက်ခိုင်မြဲအောင် ဆောင်ရွက်နိုင်သည့် နိုင်ငံ့ သားကောင်း၊ သမီးကောင်းရတနာများ ဖြစ်ရန်ရည်ရွယ်၍ ဗုဒ္ဓဘာသာနှင့် ယဉ်ကျေး လိမ္မာသင်တန်းကို ယနေ့နံနက်ပိုင်းတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်တွေ တပ်နယ်အပါအဝင် ကွပ်ကဲမှုအောက် တပ်နယ်အသီးသီးရှိ သတ်မှတ်နေရာများ၌ လည်း ကောင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်နယ်အသီးသီးရှိ  တပ်ရင်း/တပ်ဖွဲ့များရှိ သတ်မှတ်နေရာများ၌ လည်းကောင်း အသီးသီးပြုလုပ်ရာ တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးများက သင်တန်းဖွင့် အမှာစကားများ အသီးသီးပြောကြားကြသည်။ ထို့နောက်  တိုင်းမှူးများက သင်တန်းအထောက်အကူပြု ပစ္စည်းများ ပေးအပ်ကြရာ သင်တန်းသား၊ သင်တန်းသူများ ကိုယ်စား သင်တန်းသားများက လက်ခံရယူကြသည်။ ယင်းနောက် တိုင်းမှူးများက သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကြသည်။

အဆိုပါ ဗုဒ္ဓဘာသာနှင့် ယဉ်ကျေးလိမ္မာ သင်တန်းများကို အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ စစ်တွေတပ်နယ် အပါအဝင် ကွပ်ကဲမှုအောက် တပ်နယ်အသီးသီးရှိ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၁၆၁၅ ဦးဖြင့် မတ် ၂၄ ရက်အထိလည်းကောင်း၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်နယ်အသီးသီးရှိ  တပ်ရင်း/တပ်ဖွဲ့ များရှိ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၆၁၄၀ ဦးဖြင့် ဧပြီ ၇ ရက်အထိလည်း ကောင်း အသီးသီး ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)