၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ လာရောက်ဖြေဆိုသည့် ကျောင်းသား/ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေး နေ့စဉ်ဆောင်ရွက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ လာရောက်ဖြေဆိုသည့် ကျောင်းသား/ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေး နေ့စဉ်ဆောင်ရွက်ပေး


MNP ၊ မတ်  ၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ စာစစ်ဌာနများ၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ လာရောက်ဖြေဆိုသည့် ကျောင်းသား/ကျောင်းသူများ  ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် မင်းဘူးမြို့ အမှတ်(၁၈) ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှူးရုံးမှ တပ်ဖွဲ့ဝင်များက နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိသည်။


ထိုသို့ဆောင်ရွက်ရာတွင် မင်းဘူးမြို့ အမှတ်(၁၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးမှ ဒုရဲမှူးစန်းဌေး ဦးဆောင်သော ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များက တက္ကသိုလ်ဝင်စာမေးပွဲ လာရောက်ဖြေဆိုသည့် ကျောင်းသား/ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေး၊ ကျောင်းကြို/ကျောင်းပို့ မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ၊ လမ်းသွား/လမ်းလာ မော်တော်ယာဉ်များ စာမေးပွဲဖြေဆိုစဉ် ကာလအတွင်း ယာဉ်လမ်းကြောပိတ်ဆို့မှု မဖြစ်ပွားစေရေး၊ ယာဉ်လမ်းအန္တရာယ်ကင်းဝေးစေရေးနှင့် ယာဉ်တိုက်မှုမဖြစ်ပွား စေရေးတို့ကို နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က(၁)မင်းဘူး၊ အ.ထ.က စကုနှင့် အ.ထ.က မုန်တောင် စာစစ်ဌာန(၃)ခုတွင် ကျောင်းသား/ကျောင်းသူများက ယနေ့ တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့အဖြစ် အင်္ဂလိပ်စာဘာသာရပ်ကို အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။


မောင်မောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)