ဟိုပန်၌ "ဝ"နှစ်ခြင်းခရစ်ယာန်အသင်းတော်၏ နှစ် (၅၀) ပြည့် ရွှေရတုကျေးဇူးတော်ချီးမွမ်းပွဲ အထိမ်းအမှတ် အကြို ခြင်းလုံးအားကစားပြိုင်ပွဲ ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟိုပန်၌ "ဝ"နှစ်ခြင်းခရစ်ယာန်အသင်းတော်၏ နှစ် (၅၀) ပြည့် ရွှေရတုကျေးဇူးတော်ချီးမွမ်းပွဲ အထိမ်းအမှတ် အကြို ခြင်းလုံးအားကစားပြိုင်ပွဲ ကျင်းပပြုလုပ်




MNP ၊ မတ်  ၉

"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ဧပြီလ (၅) ရက်နေ့တွင် ကျရောက်မည့်  "ဝ"နှစ်ခြင်းခရစ်ယာန်အသင်းတော်၏ နှစ်(၅၀)ပြည့် ရွှေရတုကျေးဇူးတော် ချီးမွမ်းပွဲအထိမ်းအမှတ် အကြိုအဖြစ် ယနေ့နံနက်(၁၀)နာရီက ခြင်းလုံးအားကစားပြိုင်ပွဲ စတင်ကျင်းပခဲ့သည်။


ပြိုင်ပွဲတွင် ဟိုပန်မြို့နယ် အတွင်းရှိ ခြင်းလုံးအားကစား ဝါသနာပါသည့် လူငယ်၊ လူရွယ်များက အုပ်စု(၄)စုခွဲကာ အသင်း(၁၅)သင်း ဝင်ရောက်ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ပြီး ဆုရရှိအသင်းများအား အဆိုပါ အထိမ်းအမှတ်ပွဲ​တော်အခမ်းအနားတွင် ဆုများအသီးသီးချီးမြှင့် ပေးအပ် သွားမည် ဖြစ်သည်။


ဟိုပန်မြို့နယ်၊ "ဝ"နှစ်ခြင်းခရစ်ယာန်အသင်းတော်၏ နှစ်(၅၀)ပြည့် ရွှေရတုကျေးဇူးတော် ချီးမွမ်းပွဲအထိမ်းအမှတ် အကြိုအဖြစ် ခြင်းလုံးအားကစားပြိုင်ပွဲအပြင် အမျိုးသားဘောလုံးနှင့် အမျိုးသမီး ဖူဆယ်အားကစားပြိုင်ပွဲများလည်း ပါဝင်မည်ဖြစ်ပါကြောင်း သိရသည်။


ဇင်ဇင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment