၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပစစ်ဆေးရာသို့ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် ရောက်ရှိစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပစစ်ဆေးရာသို့ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် ရောက်ရှိစစ်ဆေး


MNP ၊ မတ်  ၉

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်အား ​ယနေ့နံနက်တွင် ဖြေဆိုနေစဥ် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် မန္တလေးအဝေးသင်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာခင်သန့်ဇင်၊ မန္တလေးတိုင်းဒေသကြီးပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး(ပညာ) ဦးတင်ရွှေတို့နှင့်အတူ ရောက်ရှိစစ်ဆေးခဲ့ကြောင်း သိရသည်။


ထိုသို့စစ်ဆေးနေစဥ် စာစစ်ဌာန ကြီးကြပ်ရေးမှူး ဒေါ်ချောစုလွင် (အ.ထ.က၁၄၊ ကျောင်းအုပ်ကြီး)နှင့် တာဝန်ရှိ သူများမှ လိုက်လံရှင်းလင်းပြသခဲ့ပြီး ဒုတိယဝန်ကြီးမှ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြင့် စာမေးပွဲဖြေဆိုနိုင်ရေး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


အဆိုပါစာစစ်ဌာနတွင် ဖြေဆိုရန် စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၃၂၈ ဦးရှိရာ ဖြေဆိုသူ ၃၀၀ ဦး၊ ပျက်ကွက်သူ ၂၈ ဦးရှိပြီး ဖြေဆိုမှု ရာခိုင်နှုန်း ၉၁.၄၆ ဖြစ်ကြောင်း သိရသည်။


တင်ဇာလှိုင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)