တိုက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာ(၂၂)ရွာ၌ VDP စီမံကိန်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာ(၂၂)ရွာ၌ VDP စီမံကိန်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး


MNP ၊ မတ်  ၉

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် တိုက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာ(၂၂)ရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)အား ရန်ပုံငွေကျပ်(၁၀)သန်းစီဖြင့် မြေပြင်ပကတိ အမှတ်တကယ်လိုအပ်သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို စက်တင်ဘာလ ပထမအပတ်မှစတင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ လုပ်ငန်းများအားလုံး ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ပါကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။


၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီးမံကိန်း(VDP)ဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာ(၂၂)ရွာတို့တွင် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေကျပ်(၂၂၀)သန်း၊ ပြည်သူ့ထည့်ဝင်ငွေကျပ်(၂၀.၈၂)သန်း၊ စုစုပေါင်းငွေကျပ်(၂၄၀.၈၂)သန်းဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း(၁၆)ခု၊ ကွန်ကရစ်ဘီးလမ်းခင်းခြင်းလုပ်ငန်း(၁)ခု၊ ဂဝံလမ်းခင်းခြင်း လုပ်ငန်း(၂)ခု၊ ရေပေးရေးလုပ်ငန်း(၁)ခု၊ စာကြည့်တိုက်လုပ်ငန်း(၂)ခု၊ စုစုပေါင်းလုပ်ငန်း (၂၂)ခုကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နည်းပညာပံ့ပိုးမှု၊ အနီးကပ်ကြီးကြပ်ပေးမှုများဖြင့် ကျေးရွာဖွံ့ဖြိုးရေးကော်မတီများနှင့် ကျေးရွာပြည်သူလူထုကို့က အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။


အဆိုပါ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုကြောင့် ကျေးရွာ(၂၂)ရွာရှိ အိမ်ခြေ(၃၂၂၇)၊ အိမ်ထောင်စု (၃၄၄၇)၊ လူဦးရေ (၁၃၃၂၄)ဦးတို့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။ တိုက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ကို ၂၀၁၅-၂၀၁၆  ဘဏ္ဍာရေးနှစ်မှစတင်၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အထိ စုစုပေါင်းကျေးရွာ (၁၂၅)ရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက် ပေးနိုင်ကြောင်း သိရသည်။


စန်းကလျာခိုင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)