ပရီးမီးယားလိပ်ပွဲစဉ် ၂၈ ပွဲစဉ်များအတွက် ပွဲကြိုသုံးသပ်ချက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပရီးမီးယားလိပ်ပွဲစဉ် ၂၈ ပွဲစဉ်များအတွက် ပွဲကြိုသုံးသပ်ချက်



MNP - မတ် ၁၈


ပရီးမီးယားလိပ်ပွဲစဉ် ၂၈အဖြစ် စနေနေ့(ယနေ့) မြန်မာစံတော်ချိန် ည ၉:၃၀ အချိန်မှာ စတင်ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ဒီအပတ်မှာတော့ ပရီးမီးယားလိပ်လက်ကျန်ပွဲစဉ် ၆ပွဲ ယှဉ်ပြိုင်ကစားဖို့ ရှိနေတာ ဖြစ်ပါတယ်။


အက်စတွန်ဗီလာ - ဘုန်းလ်မောက် (ယနေ့ည ၉:၃၀)

အက်စတွန်ဗီလာအသင်းနှင့် ဘုန်းလ်မောက်အသင်းတို့ဟာ အက်စတွန်ဗီလာအိမ်ကွင်း ဗီလာပေါ့ခ်မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ဘုန်းလ်မောက်ဟာ ဒုက္ခပေးနိုင်ပေမယ့် လုံလောက်တဲ့မာကျောမရှိပါဘူး။အက်စတွန်ဗီလာက ပိုကောင်းတဲ့အသင်းအသင်းပါ အိမ်ရှင်ဗီလာတို့ နိုင်ပွဲရယူသွားပါလိမ့်မယ်။(ခန့်မှန်းရလဒ် အက်စတွန်ဗီလာ ၂- ၁ ဘုန်းလ်မောက်)


ဘရန်းဖို့ဒ် - လက်စတာ (ယနေ့ည ၉:၃၀)

ဘရန်းဖို့ဒ်အသင်းနှင့် လက်စတာစီးတီးအသင်းတို့ဟာ ဘရန်းဖို့ဒ်အိမ်ကွင်း ဂျီတက်စ်ကွန်မြူနစ်တီမှယ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ဘရန်းဖို့်ဒ်ပိုကောင်းပေမယ့် နောက်ဆုံး၅ပွဲဆက် ရှုံးနိမ့်ထားတဲ့ ဧည့်သည်လက်စတာရဲ့ ပေါက်ကွဲအားကို အရဲစွန့် ရွေးချင်ပါတယ်။(ခန့်မှန်းရလဒ် ဘရန်းဖို့ဒ် ၁ - ၃ လက်စတာ)


ဆောက်သမ်တန် - စပါး (ယနေ့ည ၉:၃၀)

ဆောက်သမ်တန်အသင်းနှင့် တော်တင်ဟမ်ဟော့စပါးအသင်းတို့ဟာ ဆောက်သမ်တန်အိမ်ကွင်း စိန့်မေရီမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ဆောက်သမ်တန်ကလည်း မာကျောတဲ့အသင်းမဟုတ်တာကြောင့် အဆင့်၃မျှော်လင့်ချက်ကို အသက်သွင်းမယ့် စပါးက သေချာအနိုင်ကန်မှာပါ။ဧည့်သည်စပါးအသင်းက ပြတ်သားတဲ့နိုင်ပွဲ ရယူသွားပါလိမ့်မယ်။(ခန့်မှန်းရလဒ် ဆောက်သမ်တန် ၀ - ၂  စပါး)


ဝုဖ် - လိဒ် (ယနေ့ည ၉:၃၀)

ဝူဗာဟမ်တန်အသင်းနှင့် လိဒ်ယူနိုက်တက်အသင်းတို့ဟာ ဝုဇ်အိမ်ကွင်း မော်လင်နျူးမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။နှစ်သင်းစလုံးက လက်ရှိမှာ ရုန်းကန်နေရပြီး နောက်ဆုံး ၅ပွဲမှာ တစ်ပွဲစီသာအနိုင်ရထားတာ ဖြစ်ပါတယ်။သရေရလဒ်သာ ထွက်ပေါ်ပါလိမ့်မယ်။(ခန့်မှန်းရလဒ် ဝုဖ် ၁ - ၁ လိဒ်)


ချဲလ်ဆီး - အဲဗာတန် (ယနေ့ည ၉:၃၀)

ချဲလ်ဆီးအသင်းနှင့် အဲဗာတန်အသင်းတို့ဟာ ချဲလ်ဆီးအိမ်ကွင်း စတန်းဖို့ဒ်ဘရစ်မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ရှောင်ဒိုက်ရဲ့ အဲဗာတန်ထင်သလောက်မဟုတ်သေးပါဘူး၊ချဲလ်ဆီးပြန်လာပါပြီ။ချဲလ်ဆီးရဲ့ နိုင်ပွဲဆာလောင်နေမှုက အဲဗာတန်အတွက် ကြီးမားတဲ့ ထိုးနှက်ချက်ပါ။အိမ်ရှင်ချဲလ်ဆီးအသင်းကဘဲ ဂိုးပြတ်နိုင်ပွဲရယူသွားပါလိမ့်မယ်။(ခန့်မှန်းရလဒ် ချဲလ်ဆီး ၂ - ၀ အဲဗာတန်)


အာဆင်နယ် - ခရစ္စတယ်ပဲလေ့စ် (မနက်ဖြန်ည ၈:၃၀)

အာဆင်နယ်အသင်းနှင့် ခရစ္စတယ်ပဲလေ့စ်အသင်းတို့ဟာ အာဆင်နယ်အိမ်ကွင်း အမ်းမရိတ်မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။အာဆင်နယ်ပေါက်ကွဲမှာပါ၊ယူရိုပါလိပ်အရှုံးက အာဆင်နယ်ပေါက်ကွဲ အကြီးမားဆုံးလောင်စာပါ၊ဒါ့အပြင် ခရစ္စတယ်ပဲလေ့စ်ဟာ အသင်းကြီးဂိုးသမားနှစ်ယောက်စလုံး ဒဏ်ရာရနေပြီး ၁၈နှစ်သား အကယ်ဒမီထွက်ဂိုးသမားလေးကို အသုံးပြုရမှာ ပဲလေ့စ်ထိုးနှက်ချက်ကြီးပါ။အိမ်ရှင်အာဆင်နယ်တို့ ဂိုးပြတ်နိုင်ပွဲ ရယူသွားပါလိမ့်မယ်။(ခန့်မှန်းရလဒ် အာဆင်နယ် ၄ - ၀ ခရစ္စတယ်ပဲလေ့စ်


မြန်မာနေရှင်နယ်ပို့စ်




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)