ပင်လောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စစ်တုရင်ပြိုင်ပွဲနှင့် ဆုရရှိသူများအားဆုချီးမြှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပင်လောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စစ်တုရင်ပြိုင်ပွဲနှင့် ဆုရရှိသူများအားဆုချီးမြှင့်





MNP ၊ မတ်  ၁၈

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် စစ်တုရင်ပြိုင်ပွဲကို မတ်လ ၁၄ ရက်နေ့မှ မတ်လ ၁၈ ရက်နေ့ နံနက်ပိုင်းထိ ​ပြုလုပ်ခဲ့ကြောင်း သိရသည်။


ပြိုင်ပွဲတွင် ပြိုင်ဝင်ကစားသမား (၁၅) ဦး ပတ်လည်စနစ်ဖြင့် ယှဉ်ပြိုင်ကြပြိီး အမှတ်အများဆုံး ရရှိသူ စိုင်းထွန်းနိုင်လင်းအား ပထမဆုဆွဲပြားနှင့်ငွေသား ငါးသောင်းကျပ်၊ ဒုတိယဆုရရှိသူ မောင်ကြယ်စင်လင်းခအား ဆွဲပြားနှင့်ငွေသား သုံးသောင်းကျပ်၊ တတိယဆုရရှိသူ နန်းနှင်းယုနန္ဒာအား ဆွဲပြားနှင့်ငွေသား နှစ်သောင်းကျပ်၊ နှစ်သိမ့်ဆုရရှိသည့် စိုင်းလင်းဟန်အား ငွေသားဆု တစ်သောင်းကျပ်တို့ကို မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန နည်းစနစ်မှူး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ၊ နည်းပြဆရာများက ဆုရရှိသူများ အား ဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment