မချမ်းဘော့မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စိတ်​​ကြိုက်ပန်းချီပြိုင်ပွဲနှင့် ဂိမ်းကစားပြိုင်ပွဲများ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မချမ်းဘော့မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စိတ်​​ကြိုက်ပန်းချီပြိုင်ပွဲနှင့် ဂိမ်းကစားပြိုင်ပွဲများ ကျင်းပ


MNP ၊ မတ်  ၁၈

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့တွင် ကျောင်းသားလူငယ်များ စာဖတ်ရှိန် မြှင့်တင်လာစေရန်နှင့် နွေရာသီကျောင်းပိတ်ရက်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ စိတ်​ကြိုက်ပန်းချီပြိုင်ပွဲနှင့် ဂိမ်းကစားပြိုင်ပွဲများကို ယနေ့နံနက် ၁၁နာရီက လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ဖုန်ကူးခါ့မိုင်က ပြိုင်ပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားရာတွင် "သားတို့သမီးတို့ကို ယခုလိုပြိုင်ပွဲတွေ ပြုလုပ်ပေးခြင်းဟာ သားတို့သမီးတို့ရဲ့ စိတ်ကူးဥာဏ်တွေ ရင့်သန်စေဖို့နဲ့ စာကြည့်တိုက်နဲ့ ပိုမိုရင်းနှီးပြီး စာဖတ်ရှိန်တွေ မြှင့်တင်လာစေဖို့ ဆောင်ရွက်ပေးတာဖြစ်လို့ သားတို့သမီးတို့ကလည်း ကြိုးစားယှဉ်ပြိုင်ကြဖို့လိုကြောင်း" ထည့်သွင်း​ပြောကြားသည်။ ဆက်လက်၍ စိတ်ကြိုက်ပန်းချီပြိုင်ပွဲကို ကျင်းပရာ မောင်ငွားဇော်ဆာက ပထမဆု၊ မနိုနီးဆာက ဒုတိယ၊ မချီဆာနိုက တတိယဆုရရှိခဲ့ကြပြီး ဂိမ်းကစားပြိုင်ပွဲကို ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါ စိတ်​​​ကြိုက်ပန်းချီ ​​ပြိုင်ပွဲနှင့် ဂိမ်းကစားပြိုင်ပွဲများကို မချမ်းဘော့ပြည်သူ့စာကြည့်တိုက် စာဖတ်ပရိတ်သတ် ကျောင်းသား၊ ကျောင်းသူ ၂၀ ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဆုလက်ဆောင်များ အသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။


ယောရွှေနီ

https://t.me/MyanmarNationalPost




No comments:

Post a Comment