MNP ၊ မတ် ၁၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ယမန်နေ့က အချိန်အခါမဟုတ်မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စုများတွင် ဘုရားစေတီပုထိုး၊ ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်း၊ ပရဟိတရုံးနှင့်လူနေအိမ်များ အမိုးလန်ပျက်စီးခြင်း၊ သစ်ပင်းများပြိုလဲခြင်းများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ လူနေအိမ်(၁၁၆)လုံးအမိုးလန်၍ နေအိမ်(၁၁)လုံးနှင့် ပရဟိတရုံး(၁)ရုံး ပြိုလဲပျက်ဆီးခဲ့ပြီး အိမ်ထောင်စု(၁၃၄)စု၊ ကျား(၂၃၈)၊ မ(၂၄၈) စုစုပေါင်း(၄၈၆)ဦးနှင့် သာသနာတော်ဆိုင်ရာစေတီပုထိုး၊ ဘုန်းတော်ကြီးကျောင်းပျက်ဆီးဆုံးရှုံးမှုဖြစ်ပွားခဲ့ကြောင်း၊ လူနှင့်တိရိစ္ဆာန်ထိခိုက်မှုမရှိကြောင်း၊ လေဘေးသင့်ကျေးရွာများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့မှ လိုအပ်သည့်ကူညီကယ်ဆယ်ရေးများနှင့်ထောက်ပံ့မှုများကို သွားရောက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပေါက်စ
https://t.me/MyanmarNationalPost
No comments:
Post a Comment