MNP ၊ မတ် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အားကစားနည်းမျိုးစုံဖြင့် နွေရာသီကျောင်းပိတ်ရက်၌ ကျောင်းသား၊ ကျောင်းသူများအား ပြိုင်ပွဲများ ကျင်းပပေးခြင်း၊ ပြည်သူ့စာကြည့်တိုက်အား အင်္ဂါနေ့မှ စနေနေ့အထိ နံနက် ၉ နာရီမှညနေ ၅ နာရီထိ ဖွင့်လှစ်ပေးပြီး ကျောင်းသား၊ ကျောင်းသူလေးများအား စာပေဖတ်ရှုလေ့လာစေခြင်း၊ ဝါသနာပါရာ ပုံတူပန်းချီစာအုပ်များဖြင့် ရောင်စုံကာလာရေးသွင်းခြင်း၊ ဗုဒ္ဓဇာတ်နိပါတ်တော်လာ ပုံပြစာအုပ်များ ဖတ်ရှုခြင်း၊ ရသ ကာတွန်းစာအုပ်များ ဖတ်ရှုခြင်း၊ စာအုပ်စာစောင်များအား အခမဲ့ ငှားရမ်းပေးခြင်း၊ ကလေးစာဖတ်ခန်းတွင်လည်း ဆေးရောင်ခြယ်ခြင်း၊ စက္ကူခေါက်ခြင်း၊ ပုံပြော၊ ကဗျာရွတ်ခြင်းများဖြင့် လွတ်လပ်ပျော်ရွှင်စွာ ကစားလျက်ရှိသည်။
နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်တွင်လည်း လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသား၊ ကျောင်းသူလေးများအား ဗဟုသုတရရှိစေမည့် သင်တန်းများလည်း ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ဝင်းမှ ပြောကြားသည်။
မျိုးဇော်သိန်း
https://t.me/MyanmarNationalPost



No comments:
Post a Comment