MNP ၊ မတ် ၂၁
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် လူမှုဝန်ထမ်း ဦးစီးဌာနတို့ ပူးပေါင်း၍ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး (Talk Show)ကို Community. Centre ခန်းမ. လူထုအခြေပြု ဗဟိုဌာန၌ ယမန်နေ့၊ ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က လူကုန်ကူးမှုအန္တရာယ်နှင့် ပတ်သက်၍ သိရှိလိုသော အချက်များကို မေးမြန်းဆွေးနွေးခဲ့ရာ မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးပိုင်သူအောင်က လူကုန်ကူးခြင်းအကြောင်း၊ မြန်မာနိုင်ငံတွင်ဖြစ်ပွါးနေသော လူကုန်ကူးမှု အမျိုးအစားများ၊ လူကုန်ကူးသူများ လူစုဆောင်းသည့် နည်းလမ်းများ၊ လူကုန်ကူးခြင်းဆိုင်ရာ သတိပြုရမည့် အချက်များကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်းသိရသည်။
ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost


No comments:
Post a Comment