MNP ၊ မတ် ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမတွင် ယမန်နေ့မွှန်းလွဲ ၃ နာရီအချိန်က ရေထုညစ်ညမ်းမှုအသိပညာပေး Talk Show ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နှင်းရည်က (Talk Show) ပြုလုပ်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ကျောက်မဲခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူးရုံးမှ ဒုတိယဦးစီးမှူး ဒေါ်မေရီမောင်းမြူးစံက ရေထုညစ်ညမ်းမှု၏ အဓိပ္ပာယ်၊ ရေထုညစ်ညမ်းမှုကို ဖြစ်စေတဲ့အကြောင်းအရင်းများ၊ ရေထုညစ်ညမ်းမှု၏ နောက်ဆက်တွဲဆိုးကျိုးများ၊ ရေထုညစ်ညမ်းမှုကို လျော့ချရန်ဆောင်ရွက်ရမည့်အချက်များကို အသေးစိတ်ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများဗဟုသုတရရှိစေရန် ရည်ရွယ်ပြီး ဌာနဆိုင်ရာများ၊ တတ်သိပညာရှင်များနှင့်ချိတ်ဆက်၍ အသိပညာပေး Talk Show ကို စဥ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အဆိုပါဆွေးနွေးချက်အပြည့်အစုံကို ကျောက်မဲခရိုင် ပြည်သူ့စာကြည့်တိုက် Page တွင် လွှင့်တင်ပေးခဲ့ကြောင်း သိရသည်။
မိုင်းထွန်း
https://t.me/MyanmarNationalPost

No comments:
Post a Comment