MNP - မတ် ၁
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ မြို့ဦးရွှေစည်းခုံဆံတော်မြတ်စေတီတော်ကြီးရွှေထီးတော်တင်လှူ ပူဇော်နိုင်ရန် အတွက် မူလရွှေထီးတော်ဟောင်းအား ယနေ့ ၉ နာရီအချိန် က တာဝန်ရှိသူများက ပြန်လည်ပင့်ဆောင်ခဲ့ကြသည်။
ထိုသို့ မူလရွှေထီးတော်အား ပြန်လည် ပင့်ဆောင်ရာတွင် မြို့နယ် သံဃနာယကအဖွဲ့ဝင် အောင်မြေ ဗောဓိ သာသ နာ့ရိပ်သာ (အလိုတော်ပြည့်)ကျောင်း ပဓာန နာယက ဆရာတော် မဟာ သဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တမဏိသာရ ဦး ဆောင် ၍ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ ၊ ဂေါပကအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ရွှေထီးတော် ၊ ဌက်မြတ်နားတော် ၊ စိန်ဖူးတော် စသည့် ဘုံအဆင့်အား စနစ်တကျပြန်လည် ပင့်ဆောင်သိမ်းဆည်းပြီး ဟောင်းနွမ်းပျက်စီးနေသည့် ဘုံအဆင့် များ အသစ် ပြန်လည် မွမ်းမံပြုပြင်ဆောင်ရွက်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ အဆိုပါ မြို့ဦး ရွှေစည်းခုံဆံတော်မြတ်စေတီတော်မြတ်တွင် မတ်လ ၁၉ ရက်မှ ၂၁ ရက်နေ့ထိ အသံမစဲပဋ္ဌာန်း ရွက်ဖတ်ပူဇော်ခြင်း ၊ မတ်လ ၂၂ ရက်နေ့တွင် ရွှေထီးတော်တင်လှူပူဇော်ခြင်း ၊ မတ်လ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့ထိ ပွဲတော်အား ကျင်းပ ပြု လုပ်မည်ဖြစ်ကြောင်းသိရသည်။
ထို့ကြောင့် မိဘပြည်သူများ အနေဖြင့် မြို့ဦးရွှေစည်းခုံဆံတော်မြတ်စေတီတော်ကြီး ဗုဒ္ဓပူဇနိ ယပွဲတော် နှင့် ရွှေထီးတော်တင် လှူပူဇော်ပွဲတွင် လှူဒါန်းနိုင်ရန်အတွက် နဝကမ္မအလှူငွေ ၊ ဆွမ်း ၊ စက် သုံးဆီ ၊ အသံချဲ့ စက် ၊ ကုက္ကား ၊ တံခွန် ၊ သစ်သီးဆွမ်း ၊ စေတီတော်လှိုဏ်ဂူအတွင်း ဆက်ကပ်မည့် ပန်းအိုး ၊ ပန်း ၊ တံခွန် လုံးတော်များ စသည့်တို့ကို လှူ ဒါန်းနိုင်ရန်အတွက် စေတီတော်ဂေါပက ဖုန်းနံပါတ်များဖြစ်သော ၀၉၂၅၀၃၂၆၃၀၀ ၊၀၉၄၂၁၇၃၃၀၅၃ ၊ ၀၉၂၅၀၃၃၀ ၂၅၀ ၊ ၀၉၄၅၈၃၆၂၈၀၈ ၊ ၀၉၂၅၀၇၅၅၉၈၆ တို့အား ဆက်သွယ်လှူဒါန်း နိုင်ကြောင်း သိရသည်။
သက်လွင်စိုး ၊အောင်ကျော်စိန်
https://t.me/MyanmarNationalPost






No comments:
Post a Comment