မှော်ဘီမြို့နယ်အတွင်းရှိ ကျေးရွာ(၃၂)ရွာတို့မှ ကျေးရွာနေပြည်သူ (၄၃၄၉)ဦး တို့အား မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ်သန်း(၁၅၀၆.၅၅)ကိုထုတ်ချေးပေးနိုင်ခဲ့ - Myanmar National Post

Myanmar National Post

News Agency

Breaking

မှော်ဘီမြို့နယ်အတွင်းရှိ ကျေးရွာ(၃၂)ရွာတို့မှ ကျေးရွာနေပြည်သူ (၄၃၄၉)ဦး တို့အား မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ်သန်း(၁၅၀၆.၅၅)ကိုထုတ်ချေးပေးနိုင်ခဲ့




MNP  -   မတ် ၁

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများအတွက် လိုအပ်သော အရင်းအနှီးများရရှိစေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေးနှင့် မိသားစုဝင်ငွေများ တိုးပွားစေရန်အတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေစီမံကိန်းကို မြို့နယ်အတွင်းရှိကျေးရွာ(၄၀)တို့တွင် ဆောင်ရွက်လျက်ရှိပြီး (၂၀၂၃)ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း အတိုးအရင်းငွေများအား အကြေပေးချေပြီးသည့် ကျေးရွာ(၃၂)ရွာမှ ကျေးရွာနေပြည်သူ (၄၃၄၉)ဦးတို့အား ငွေကျပ်သန်း(၁၅၀၆.၅၅)ကို ဖေဖော်ဝါရီလ(၂၀)ရက်နေ့မှ ဖေဖော်ဝါရီလ(၂၈)ရက်နေ့အထိ ပြန်လည်၍ ထုတ်ချေးပေးနိုင်ခဲ့ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။


ပြန်လည်ထုတ်ချေးပေးရာတွင်လည်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းနှင့် အခြားအသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်မည့်သူများကို ထုတ်ချေးပေးခဲ့ခြင်းဖြစ်ပြီး ရရှိလာမည့်အကျိုး ကျေးဇူးများ၊ အတိုးနှုန်းနှင့် ကာလသတ်မှတ်ချက်များနှင့် လိုက်နာရမည့်စည်းကမ်းများကိုလည်း တာဝန်ရှိသူများ ကျေးရွာများအလိုက် ရှင်းလင်းပြောကြားသည်။


သက်ဆိုင်ရာကျေးရွာများအလိုက် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ စည်းကမ်းနှင့်အညီ အသင်းသားတစ်ဦးချင်းစီ၏ ငွေထုတ်ချေးပေးနေမှုအခြေအနေများကိုလည်း မြို့နယ်ဦးစီးမှူး ဦးတင်စိုးနှင့်ကျေးရွာတာဝန်ခံဝန်ထမ်းများက ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ပေးသည်။


ဇင်မင်းထိုက်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)