ရွှေတောင်မြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ လာရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးနေ့စဉ်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ လာရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးနေ့စဉ်ဆောင်ရွက်





MNP ၊ မတ်  ၁၄

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ရွှေတောင် မြို့နယ်  ရန်ကုန်-ပြည်လမ်းပေါ်ရှိ အခြေခံပညာ အထက်တန်းကျောင်းစာစစ်ဌာနတွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ လာရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက နေ့စဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။


ထိုသို့ ဆောင်ရွက်ရာတွင် စာမေးပွဲလာရောက်ဖြေဆိုသော ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေး၊ ကျောင်းကြို၊ ကျောင်းပို့ မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ၊ လမ်းသွား၊ လမ်းလာမော်တော်ယာဉ်များ စာမေးပွဲဖြေဆိုစဉ်ကာလအတွင်း ယာဉ်ကြောပိတ်ဆို့မှု မဖြစ်ပွားစေရေးနှင့် ယာဉ်တိုက်မှုမဖြစ်ပွားစေရေးတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ရွှေတောင် မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများတက္ကသိုလ်ဝငဲစာမေးပွဲအား ဘာသာရပ်အလိုက်  ပြီးဆုံးသည်အထိစိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေးအတွက် ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက နေ့စဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။


ကိုကိုမင်း 

 https://t.me/MyanmarNationalPost




No comments:

Post a Comment