ချမ်းအေးသာစံ မြို့နယ်တွင် အခြေခံပန်းချီပညာသင်တန်း အခမဲ့ဖွင့်လှစ် သင်ကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

ချမ်းအေးသာစံ မြို့နယ်တွင် အခြေခံပန်းချီပညာသင်တန်း အခမဲ့ဖွင့်လှစ် သင်ကြား

 


MNP ၊ မတ်  ၂၀

ကျောင်းသား၊ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ပြီး ပန်းချီရေးဆွဲနည်း အတတ်ပညာများကို အခြေခံမှစ စနစ်တကျ ရေးဆွဲတတ်စေရန် ရည်ရွယ်၍ အခြေခံပန်းချီ ပညာသင်တန်းကို မတ်လ ၁၈ ရက်နေ့မှ စတင်ကာ မန္တလေး၊ ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။


ရှေးဦးစွာ သင်တန်းတွင် ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ် ချက် အမှာစကား ပြောကြားခဲ့ပြီး သင်တန်းနည်းပြဆရာ ဦးဖိုးချစ်က အခြေခံပန်းချီ ပညာရပ်များအား ရှင်းလင်းပြောကြားပြီး ပန်းချီနှင့် ပတ်သက်သော အခြေခံရေးဆွဲနည်းများအား စာတွေ့၊ လက်တွေ့သင်ကြားပေးခဲ့ရာ သင်တန်းသား၊ သင်တန်းသူများ မေးမြန်းသည်များကို ဖြေကြားကာ အနီးကပ်ကြီးကြပ်ပြသပေးခဲ့သည်။


အဆိုပါ သင်တန်းကို မတ်လ(၁၈)ရက်နေ့မှ မတ်လ(၂၂)ရက်နေ့အထိ (၅)ရက်ကြာ မနက်၉နာရီမှ နေ့လည် ၁၂နာရီထိ စာတွေ့လက်တွေ့ အခမဲ့သင်ကြားပေးသွားမည်ဖြစ်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအတွက် ပန်းချီရေးဆွဲရန် သင်ထောက်ကူပစ္စည်းများနှင့် မုန့်များပေးဝေခဲ့ကြောင်း သိရသည်။


ထိပ်ထားနိုင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)