ရန်ကင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲ ပထမနေ့တွင် သံဃာတော်နှင့် သီလရှင် (၂၆၉)ပါး ဝင်ရောက်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲ ပထမနေ့တွင် သံဃာတော်နှင့် သီလရှင် (၂၆၉)ပါး ဝင်ရောက်ဖြေဆို


MNP ၊ မတ်  ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ သင်ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ဗုဒ္ဓသာသနာတော်၏ အခြေအမြစ်ဖြစ်သော ပရိယတ္တိသာသနာတော် ထွန်းကားရေးကို ရည်ရွယ်၍  သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသော ၂၀၂၃ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ရန်ကင်းမြို့နယ် အမှတ်(၁၄)ရပ်ကွက်၊ မိုးကောင်းဘုရားဝန်းအတွင်းရှိ မိုးကောင်းသာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ စာမေးပွဲကို ၂၀၂၃ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့မှ ၃-၄-၂၀၂၃ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ရာ ရန်ကင်းမြို့နယ်တွင် စာမေးပွဲ ပထမနေ့၌ ပါရာဇိကကဏ္ဍပါဠိအဌကထာ (၁)ကို ဆရာတော်၊သံဃာတော် (၂၆၀)ပါး၊ သီလရှင်(၉)ပါး စုစုပေါင်း( ၂၆၉)ပါးတို့ ဝင်ရောက်ဖြေဆိုခဲ့ကြသည်။


သို့ဖြစ်ရာ ၂၀၂၃ ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲတွင် ဖြေဆိုသံဃာတော်များနှင့် သီလရှင်များ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စာမေးပွဲကြီးကြပ်ရေးအဖွဲ့ဩဝါဒစရိယဆရာတော်များ၊ စာဖြေဌာနကြီးကြပ်ရေးဆရာတော်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့မိမြို့ဖများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။


အိရွှေစင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)