အိမ်မဲမြို့နယ်တွင် လူငယ်နှင့်အားကစားခေါင်းစဥ်ဖြင့် Talk Show ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အိမ်မဲမြို့နယ်တွင် လူငယ်နှင့်အားကစားခေါင်းစဥ်ဖြင့် Talk Show ပြုလုပ်

 


MNP ၊ မတ်  ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြိုနယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန Community Centre ခန်းမတွင် မြို့နယ်ပြန်/ဆက် ဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်နှင့်အားကစား ခေါင်းစဥ်ဖြင့် Talk Show ကို ယမန်နေ့နံနက် (၁၀) နာရီတွင် ကျင်းပသည်။


ဆွေးနွေးပွဲတွင်တွင် အိမ်မဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။ ဆက်လက်ပြီး မြို့နယ်ပြန်/ဆက်ဦးစီးအရာရှိနှင့် အားကစားနှင့်ကာယပညာဦးစီးဌာန  မြို့နယ်တာဝန်ခံ ဒေါ်အိအိမျိုးတို့က အားကစားပြုလုပ်ခြင်းကြောင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများ၊ အားကစားမပြုလုပ်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများ၊ လူငယ်များ အားကစားပြုလုပ်သင့်သည့် ရည်ရွယ်ချက်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာန၏ လက်ရှိ အသိပညာပေး ဆောင်ရွက်နေမှုအကြောင်းတို့ကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။


အဆိုပါ လူငယ်နှင့်အားကစားအကြောင်း Talk Show များ ရိုက်ကူးတင်ဆက်ပေးခြင်းကြောင့် ပြည်သူများ အားကစားပြုလုပ်သင့်သည့် အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိလာမည်ဖြစ်ပြီး Talk Show ဗီဒီယိုကို အိမ်မဲမြို့နယ် ပြည်သူ့စာကြည့်တိုက်ပေ့ချ်တွင် ဝင်ရောက် ကြည့်ရှုနိုင်မည် ဖြစ်သည်။


ချစ်သက်လယ်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)