မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရာတွင် အသုံးပြုနိုင်ရေးအတွက် အလှူငွေများ ပေးအပ်လှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရာတွင် အသုံးပြုနိုင်ရေးအတွက် အလှူငွေများ ပေးအပ်လှူဒါန်း




MNP ၊ မတ် ၃၀

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရာတွင် အသုံးပြု နိုင်ရေးအတွက် စေတနာရှင် အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်တိုင်း စစ်ဌာနချုပ်၊ ဧည့်ခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် တာဝန်ရှိသူများ၊ အလှူရှင်များနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။

အလှူရှင်များဖြစ်ကြသော သီဟသုဓမ္မမဏိဇောတဓရ၊ လူမှုထူးချွန် (ပထမ အဆင့်) ဦးဘရန်မိုင်နှင့် ဇနီး ဒေါ်နန်းအေခန့် မိသားစုက မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး တည်ထားကိုးကွယ်ရာ၌ ရေပန်းအသေး (အချင်း ၁၅ ပေ၊ အမြင့် ၉ ပေ) တည်ဆောက်ရန်အတွက် အလှူငွေကျပ် ၈၀၅ သိန်းကိုလည်းကောင်း၊ သုဓမ္မမဏိ ဇောတဓရ ဦးစိုးဝဏ္ဏနှင့် ဇနီး ဒေါ်ရှီကျူးဆန်းမိသားစုက ရေပန်းအသေး (အချင်း ၁၅ ပေ၊ အမြင့် ၉ ပေ) တည်ဆောက်ရန်အတွက် အလှူငွေကျပ် ၈၀၅ သိန်းကို လည်းကောင်း၊ သီဟသုဓမ္မ မဏိဇောတဓရ ဦးဝေမောင်မောင်နှင့်ဇနီး ဒေါ်လီလီခိုင် မိသားစုတို့က ကျောက်စာရုံဓမ္မာရုံ စေတီတစ်ဆူ တည်ဆောက်ရန်အတွက် အလှူငွေ ကျပ် ၂၇၉ သိန်းကိုလည်းကောင်း အသီးသီး ပေးအပ်လှူဒါန်းကြရာ တိုင်းမှူးက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပြီး ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)