ပုသိမ်မြို့နယ်တွင် နွေရာသီအားကစား အခြေခံသင်တန်းများ ဖွင့်လှစ်သင်ကြားလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုသိမ်မြို့နယ်တွင် နွေရာသီအားကစား အခြေခံသင်တန်းများ ဖွင့်လှစ်သင်ကြားလျက်ရှိ






MNP ၊ မတ်  ၁၀

ပုသိမ်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော နွေရာသီအားကစား      အခြေခံသင်တန်းများကို ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်း၌ မတ်လ ၆ရက်နေ့မှ စတင်ကာ ဖွင့်လှစ် သင်ကြားပြသလျက်ရှိကြောင်း သိရသည်။


နွေရာသီကျောင်းအားလပ်ရက်များတွင် အခြေခံပညာ ကျောင်းသား/သူလေးများ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စိတ်ပါဝင်စားသည့် အားကစားနည်းကို အခြေခံမှစကာ စနစ်တကျ တတ်မြောက်စေရန်၊ ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ အခြေခံအားကစားနည်းများဖြစ်သည့် မြန်မာ့သိုင်း၊ ရေကူး၊ တိုက်ကွမ်ဒို၊ ပြေးခုန်ပစ်၊ စစ်တုရင်၊ ကြက်တောင်၊ ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ရိုးရာခြင်းနှင့် ကရာတေးဒိုသင်တန်းများ ဖွင့်လှစ်ထားရှိပြီး နံနက်ပိုင်းနှင့်ညနေပိုင်းခွဲ၍ ပုသိမ်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများက ပူး‌ပေါင်း၍ အနီးကပ် ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိသည်။ အခြေခံ ဘောလုံးအားကစားနည်းကို ကိုးသိန်း အားကစားကွင်း၌ သင်ကြားပြသပေးလျက်ရှိပြီး အခြားအားကစားနည်း သင်တန်းများအား အားကစားနှင့်ကာယပညာဦးစီးဌာနမှ သတ်မှတ်ပေးထားသည့် နေရာအသီးသီးတို့တွင် တက်ရောက် သင်ယူလျက်ရှိကြကြောင်း သတင်းရရှိသည်။


မြင့်ဟန်

 https://t.me/MyanmarNationalPost




No comments:

Post a Comment