မြိတ်မြို့တွင် ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းများနှင့် အပိုဆောင်းကာကွယ်ဆေးများ စဉ်ဆက်မပြတ် ထိုးနှံပေးနိုင်ရေး မြို့နယ်ကော်မတီ အစည်းအဝေး ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြိတ်မြို့တွင် ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းများနှင့် အပိုဆောင်းကာကွယ်ဆေးများ စဉ်ဆက်မပြတ် ထိုးနှံပေးနိုင်ရေး မြို့နယ်ကော်မတီ အစည်းအဝေး ပြုလုပ်





MNP ၊ မတ်  ၁၆

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ပြည်သူလူထုအတွင်း ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့် ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးအစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြသည်။


အစည်းအဝေးတွင် မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းစိုးက ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများ၊ ပြည်သူလူထုအတွင်းနှင့် ကျောင်းသား/သူများအား အပိုဆောင်းကာကွယ် ဆေးထိုးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်ပေးကြရန်နှင့် ရပ်ကွက်/ကျေးရွာအုပ်စုများကိုလည်း ပူးပေါင်းဆောင်ရွက်ကြရန် တွန်းအားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။


မြိတ်မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ မြို့နယ်အတွင်း အသွားအလာကန့်သတ်‌ စောင့်ကြပ်ကြည့်ရှုထားရှိမည့် စင်တာတစ်ခုကို အမြဲ အရန်သင့် ထားရှိကြောင်း၊  ထို့အတူ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ပြည်သူလူထုအတွင်း ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် မြို့နယ်ကော်မတီ ၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ၊ ပရဟိတအဖွဲ့များ ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ကော်မတီဝင် တာဝန်ရှိသူများ အစားထိုးပြင်ဆင်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်ခြင်းဖြစ်‌ပြီး ကော်မတီ ဝင်များက လုပ်ငန်းကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြသည်။


မြိတ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများကို  စဉ်ဆက်မပြတ် ထိုးနှံပေးလျက်ရှိရာ ယနေ့အထိ  ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး (၂)ကြိမ် ထိုးနှံပြီးသည့် ဦးရေအနေဖြင့် အသက်(၁၈) နှစ်အထက် ထိုးနှံပြီးစီးမှုအနေဖြင့် (၉၆.၅၆)ရာခိုင်နှုန်း ထိုးနှံပြီးဖြစ်ကာ ကျောင်းသား/သူများအား ရာနှုန်းပြည့် ထိုးနှံပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း၊ အပိုဆောင်း ကာကွယ်ဆေးများကိုလည်း ပြည်သူများနှင့် ကျောင်းသား/သူများကို   စဉ်ဆက်မပြတ် ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ  သိရသည်။


ခိုင်ထူး 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)