ကျိန္တလီမြို့ (Commumity Centre)ခန်းမတွင် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိန္တလီမြို့ (Commumity Centre)ခန်းမတွင် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်




MNP ၊ မတ်  ၁၆

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Commumity Centre)ခန်းမတွင် ဝန်ထမ်းများအား လိုက်နာရမည့် နည်းဥပဒေများကို သိရှိနားလည်စေရန် ရည်ရွယ်၍ ယနေ့ မွန်းလွဲ ၂ နာရီအချိန်က ပြည်ထောင်စုရာထူးဝန်အဖွဲ့က ထုတ်ဝေသည့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများစာအုပ် အခန်း(၂)ပါအကြောင်းအရာများဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။


ထိုသို့ စာဖတ်ဝိုင်းပြုလုပ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်သန်းသန်းလေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး စာအုပ်တွင်ပါရှိသည့် ဝန်ထမ်းတစ်ဦးကို အတည်ပြုခန့်ထားရာတွင်လိုက်နာရမည့် သတ်မှတ်ချက် အကြောင်းအရာများအား ဆွေးနွေးခဲ့သည်။ ထို့နောက် ရုပ်သံကျွမ်းကျင်-၃ (အင်အားပြ) ဒေါ်ဖြိုးဝေသူက အတည်ပြုခန့်ထားခြင်းခံရသည့် ဝန်ထမ်း၏ လစာနှင့်စရိတ်များခံစားခွင့် အကြောင်းအရာများကို လည်းကောင်း၊ အငယ်တန်းစာရေး (အင်အားပြ) ဦးဇော်လင်းက ဝန်ထမ်းတစ်ဦး၏ ရာထူးအနွယ်ပိုင်ဆိုင်ခွင့် အကြောင်းအရာများကိုလည်းကောင်း ဆွေးနွေးခဲ့ကြပြီး ဝန်ထမ်းများမှ သိရှိလိုသည် များအား အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။


အဆိုပါ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများစာအုပ်ကို စာဖတ်ဝိုင်းပြုလုပ်ခြင်းအားဖြင့် ဝန်ထမ်းများသည် ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်း နည်းဥပဒေများကို သိရှိနားလည်နိုင်မည်ဖြစ်သည်။


ဇော်လင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)