ဒုံဝန်းကျေးရွာ၌ ဉာဏ်ဝေယံဥပုသ်ကျောင်းဆောင် ကျောင်းလွှတ်ပူဇော်ပွဲ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုံဝန်းကျေးရွာ၌ ဉာဏ်ဝေယံဥပုသ်ကျောင်းဆောင် ကျောင်းလွှတ်ပူဇော်ပွဲ ပြုလုပ်





MNP ၊ မတ်   ၁၂

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာ ရတနာဇေယျုံကျောင်းတိုက်အတွင်း ရပ်နီးရပ်ဝေး အလှူရှင်များ စုပေါင်း၍ သံဃိကအဖြစ် ရည်မှန်းလှူဒါန်းသည့် "ဉာဏ်ဝေယံဥပုသ်ကျောင်းဆောင်" ကျောင်းလွတ်ပူဇော်ပွဲကို ယနေ့ မတ်လ ၁၂ ရက်၊ နံနက်ပိုင်းက ပြုလုပ်ခဲ့သည် ။


ရှေးဦးစွာ ပင့််ဖိတ်ထားသော ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များအား အာရုံဆွမ်းနှင့် အချိုပွဲများ ဆက်ကပ်လှူဒါန်းကြပြီးနောက် ဉာဏ်ဝေယံမိသားစုနှင့် ဒုံဝန်းကျေးရွာနေ မိသားတစ်စုမှ ရဟန်းဒါယကာ၊ ဒါယိကာမများအဖြင့် ခံယူလျက် သံဃာ

တော်အရှင်သူမြတ်နှစ်ပါးအား ရတနာဇေယျုံကျောင်းတိုက် ခဏ္ဍသိမ်၌ ရတနာဇေယျုံဆရာတော်ကြီးနှင့် သံဃာတော်အရှင်သူမြတ်များက "ပုနောဥပသမ္မဒကံဆောင်သိမ်ထပ်မင်္ဂလာ" ကို ပြုလုပ်ပူဇော်၍ ဧည့်ပရိသတ်များက သိမ်ဆင်းလှူဖွယ်ပစ္စည်းများ လောင်းလှူခဲ့ကြသည်။


ထို့နောက် မ တည်အလှူရှင်မိသားစုဝင်များနှင့်အတူ ဧည့်ပရိသတ်များက ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များထံမှ သီလခံယူဆောက်တည်၍ ပရိတ်တရားတော်များနာယူကာ ပြုလုပ်လှူဒါန်းခဲ့သည့် ကောင်းမှုကုသိုလ်များအတွက် ရေစက်ချအနုမောဒနာတရား နာကြားကြပြီးနောက် ရေစက်သွန်းချ အမျှတန်းဝေကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။


အဆိုပါ ကျောင်းဆောင်မှာ ဆရာတော်၊သံဃာတော်အရှင်သူမြတ်များနှင့် ကျောင်းဒါယကာ၊ ဒါယိကာမများ စိတ်ချမ်းမြေ့စွာဖြင့် ဥပုသ်သီလ ဆောက်တည်၍ တရားဘာဝနာပွားများနိုင်ရေး ရည်ရွယ်လျက် `ဉာဏ်ဝေယံ' မိသားစုတို့မှ အလှူငွေကျပ် သိန်း ၆၀၀ မတည်၍ ရပ်နီးရပ်ဝေးနေ အလှူရှင်များက ငွေကျပ် သိန်း ၅၀၀ ကျော် ပါဝင်လှူဒါန်းခဲ့ပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်း စတင်ကာ တည်ဆောက်ခဲ့သည့် အလျား ၁၀၀ ပေ၊ အနံ ၄၀ ပေ အာရ်စီတစ်ထပ်ကျောင်းဆောင်ဖြစ်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)