သထုံမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ(ဓါတုဗေဒ)ဘာသာရပ် ကျောင်းသားကျောင်းသူ ၉၂.၄၄ ရာခိုင်နှုန်း လာရောက်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သထုံမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ(ဓါတုဗေဒ)ဘာသာရပ် ကျောင်းသားကျောင်းသူ ၉၂.၄၄ ရာခိုင်နှုန်း လာရောက်ဖြေဆို





MNP ၊ မတ်  ၁၃

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ယနေ့ နံနက် ကျင်းပသည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို အေးချမ်းစွာ ဆက်လက်ဖြေဆိုကြလျက်ရှိရာ ယနေ့၊ မတ်လ ၁၃ ရက်နေ့၌ ဓါတုဗေဒ ဘာသာရပ်အား မြို့နယ်အတွင်းရှိ စာစစ်ဌာနတို့၌ ကျောင်းသားကျောင်းသူစုစုပေါင်း ၉၆.၃၀ ရာခိုင်နှုန်း လာရောက်ဖြေဆိုခဲ့ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


သထုံမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပသည့် စာစစ်ဌာန နှစ်ခုရှိပြီး အထက(၁)သထုံ စာစစ်ဌာနတွင် ဓါတုဗေဒဘာသာရပ်အား ဖြေဆိုရန် စာရင်းပေးသွင်းသူပေါင်း ၃၂၉ ဦးရှိသည့်အနက် ၃၀၆ ဦး လာရောက်ဖြေဆိုကြပြီး ပျက်ကွက် ၂၃ ဦး၊ အထက(ကျိုက္ကော်)၌ စာရင်းပေးသွင်းသူ ၁၄၇ ဦး၊ လာရောက်ဖြေဆိုသူ ၁၃၄ ဦး၊ ပျက်ကွက် ၁၃ ဦး စုစုပေါင်း သထုံမြို့နယ်အတွင်း ဓါတုဗေဒ ဘာသာရပ်အား ဖြေဆိုရန်စာရင်းသွင်းထားသူပေါင်း ၄၇၆ ဦးရှိသည့်အနက်၊ လာရောက်ဖြေဆိုသူ ၄၄၀ ဦး၊ ပျက်ကွက်သူ ၃၆ ဦးရှိပြီး ဖြေဆိုသူ ၉၂.၄၄ ရာခိုင်နှုန်းရှိကြောင်း ကျောင်းသားကျောင်းသူများ လုံခြုံအေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာနအသီးသီးတို့၌ တာဝန်ရှိသူများက ကြပ်မတ်ကူညီ ဆောင်ရွက်ပေး‌လျှက်ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment