မာန်အောင်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့ အ.ထ.ကစာစစ်ဌာန၌ဓာတုဗေဒဘာရပ်ကိုကျောင်းသား၊ကျောင်းသူ(၁၁၃)ဦးအေးချမ်းစွာဆက်လက်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့ အ.ထ.ကစာစစ်ဌာန၌ဓာတုဗေဒဘာရပ်ကိုကျောင်းသား၊ကျောင်းသူ(၁၁၃)ဦးအေးချမ်းစွာဆက်လက်ဖြေဆို




MNP ၊ မတ်  ၁၃

၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝှမ်းတွင် မတ်လ၈ရက်နေ့မှစတင်ပြီး၁၈ရက်နေ့ထိ နံနက်၉နာရီမှ၁၂နာရီထိ တစ်ရက်လျှင်တစ်ဘာသာနှုန်းဖြင့်ဖြေဆိုလျက်ရှိရာရခိုင်ပြည်နယ် မာန်အောင်မြို့နယ်မှ တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့ ဓာတုဗေဒဘာသာရပ်ကို ကျောင်းသား၊ကျောင်းသူ(၁၁၃ )ဦးမှ အေး ချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်းသိရသည်။


    အဆိုပါစာမေးပွဲကို မာန်အောင်မြို့နယ်တွင် စာစစ်ဌာန(၂)ခုရှိသည့်အနက်အ.ထ.က မာန်အောင် စာစစ်ဌာန၌ ဓာတုဗေဒဘာသာရပ်ကို ဖြေဆိုရန် စာရင်းရှိကျောင်းသား၊ကျောင်းသူ(၁၃၆)ဦးရှိပြီး ဖြေဆိုသူ( ၁၁၃)ဦး၊ပျက်ကွက်(၂၃)ဦးရှိရာ ဖြေဆိုမှုရာနှုန်း(၈၃•၁)ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။


    မာန်အောင်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို အေးချမ်းအောင်မြင်စွာ ပြီးစီးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များကပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။


ဦးသိန်းဖေ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)