ကျိုက်ထိုမြို့နယ်တွင် ၂၀၂၂-၂၀၂၃ တက္ကသိုလ်ဝင်တန်းစာမေးပွဲသို့ကျောင်းသား၊ကျောင်းသူ (၆၁၈)ဦး ဝင်ရောက်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ်တွင် ၂၀၂၂-၂၀၂၃ တက္ကသိုလ်ဝင်တန်းစာမေးပွဲသို့ကျောင်းသား၊ကျောင်းသူ (၆၁၈)ဦး ဝင်ရောက်ဖြေဆို





MNP ၊ မတ်  ၈

   ကျိုက်ထိုမြို့နယ်တွင် ၂၀၂၂ - ၂၀၂၃  ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မတ်လ(၈)ရက် နေ့တွင် မြန်မာနိုင်ငံတစ်နိုင်ငံလုံး၌ ကျင်းပ  ပြုလုပ်လျှက်ရှိရာ   မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် စာစစ်ဌာန (၄)ခုဖွင့်လှစ်၍  တက္ကသိုလ်ဝင်တန်း ကျောင်းဖြေ ကျား (၇၄) ဦး၊မ (၁၁၇) ဦး၊ ကျောင်းပြင်ပဖြေဆိုသူ ကျား (၁၆၄)၊မ(၂၆၃) ဦး ရှိရာ စုစုပေါင်း(၆၁၈)ဦး ဝင်ရောက်ဖြေဆို လျှက်ရှိ ကြောင်းသိရသည်။


   အဆိုပါ တက္ကသိုလ်ဝင် စာမေးပွဲကို မတ်လ (၈ ) ရက်နေ့မှ (၁၈) ရက်နေ့ အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ကျိုက်ထိုမြို့နယ်၌ အထက(၁)၊ အထက(၂)၊အထက(ကျိုက္ကသာ)အထက (သိမ်ဇရပ်)တို့ စာစာဌာနများဖွင့်လှစ်၍ ဖြေဆိုမည့်ကျောင်းသား၊ကျောင်းသူများ အေး ချမ်း စွာဖြေနိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေး လျှက်ရှိကြောင်း သိရသည်။


    ကျိုက်ထိုမြို့နယ်တွင် ယနေ့ မြန်မာစာဘာသာရပ် စာမေးပွဲသို့ ဝင်ရောက် ဖြေဆိုသည့် ရာခိုင်နှုန်း ၉၁.၅၆ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူး ရုံးမှတာဝန်ရှိသူတစ်ဦးထံမှသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment