ကရင်ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့် ရပ်ဝေးဒေသမှ တက္ကသိုလ်ဝင်စာမေးပွဲ လာရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများအား စားသောက်ကုန်နှင့် အဟာရဖြည့်စွက်စာများထောက်ပံ့ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကရင်ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့် ရပ်ဝေးဒေသမှ တက္ကသိုလ်ဝင်စာမေးပွဲ လာရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများအား စားသောက်ကုန်နှင့် အဟာရဖြည့်စွက်စာများထောက်ပံ့





MNP ၊ မတ်  ၈

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများသည် မတ်လ ၆ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် သုမေဓါရာမကြားတောရကျောင်းတိုက်သို့ ရောက်ရှိတည်းခိုနေထိုင်သော ရပ်ဝေးကျောင်းသား၊ ကျောင်းသူများအား သွားရောက် တွေ့ဆုံအားပေး၍ စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။       


ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခြံကလေးအောင်ရတနာကျောင်းဆရာတော် ဘဒ္ဒန္တဝိမလနှင့် ထီမံထိုကျောင်းဆရာတော်တို့အား လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းကြပြီး ခြံကလေး အောင်ရတနာဘုန်းတော်ကြီး သင်ပညာရေးကျောင်းမှ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် သုမေဓါရာမ ကြားတောရကျောင်းတိုက်သို့ တည်းခိုရောက်ရှိနေသော ကျောင်းသား၊ ကျောင်းသူ ၁၀၁ ဦးအတွက် ဆန်၊ ဆီ၊ ပဲ၊ ကြက်ဥ၊ ငါးသေတ္တာ အစရှိသော စားသောက်ကုန်များ ထောက်ပံ့ပေးအပ်၍ စာမေးပွဲဖြေဆိုမှုများ အဆင်ပြေချောမွေ့စေရေး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးကာ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမ၊ မိဘအုပ်ထိန်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေး စကားများ ပြောကြားခဲ့သည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၁၀) မူလတန်းလွန်ကျောင်းတွင် ရောက်ရှိတည်းခိုနေထိုင်သော ခရားအတွင်းကျေးရွာမှ ကျောင်းသား၊ ကျောင်းသူ ၄၁ ဦးအတွက် ဆန်၊ ဆီ၊ ပဲ၊ ကြက်ဥ၊ ငါးသေတ္တာ အစရှိသော စားသောက်ကုန်ပစ္စည်းများကို ထောက်ပံ့ပေးအပ်ပြီး ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲကို အေးချမ်းပျော်ရွှင်စွာဖြေဆိုနိုင်ရေး ရေ၊ မီး၊ မိလ္လာ ပြည့်စုံလုံလောက်မှုရှိစေရေး ကြည့်ရှုစစ်ဆေး၍လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။


အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မတ်လ ၇ ရက်နေ့ နံနက် ၈ နာရီခန့်က ကရင်ကျောင်းသားများရိပ်သာမှ တက္ကသိုလ်ဝင်တန်းဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူ ၅၁ ဦးနှင့် ဆရာ၊ ဆရာမများအား သွားရောက်တွေ့ဆုံ၍ အားပေးစကားများပြောကြားပြီး ဆန်၊ ဆီ၊ ပဲ၊ ကြက်ဥ၊ ငါးသေတ္တာ အစရှိသော စားသောက်ကုန်ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့သည်။


အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မွန်းလွဲ ၂ နာရီခန့်တွင် မဲဘောင်ကျောင်းတိုက် ဇွဲကပင်ပညာဒါန ကျောင်းအုပ်ဆရာတော်အား ဖူးမြော်ကြည်ညို၍ လူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းကြပြီ အဆိုပါကျောင်းတိုက်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုကြမည့် ရပ်ဝေးဒေသမှ ကျောင်းသူ ၂၉ ဦးနှင့်၊ ဆရာ၊ ဆရာမ၊ မိဘအုပ်ထိန်းသူများအား သွားရောက်တွေ့ဆုံ၍ အားပေးစကားများပြောကြားကာ ဆန်၊ ဆီ၊ ပဲ၊ ကြက်ဥ၊ ငါးသေတ္တာ အစရှိသော စားသောက်ကုန်ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


စောမျိုးမင်းသိန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)