ခိုလမ်မြို့ရုံး၊ (Community Centre) ခန်းမ၌ ရေကျောက်ရောဂါအကြောင်း အသိပညာပေး (Talk Show) ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခိုလမ်မြို့ရုံး၊ (Community Centre) ခန်းမ၌ ရေကျောက်ရောဂါအကြောင်း အသိပညာပေး (Talk Show) ဆောင်ရွက်


MNP ၊ မတ်  ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ရေကျောက်ရောဂါအကြောင်း အသိပညာပေး (Talk Show) ကို Online စနစ်ဖြင့် ပြည်သူများအသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွည်၍ ယနေ့နံနက် (၁၀) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါ အစီအစဉ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (စာထောက်-၃) ဒေါ်ဝေဝေအောင်နှင့် အငယ်တန်းစာရေး ဒေါ်ပန်းအင်ကြင်းတို့က ရေကျောက်ရောဂါအကြောင်း၊‌‌ ရေကျောက်ရောဂါ၏ လက္ခဏာများ၊ ရေကျောက်ရောဂါ၏ နောက်ဆက်တွဲ ကျန်းမာရေး ပြသာနာများ၊ ကာကွယ်လိုက်နာရမည့်အချက်များ စသည့်အကြောင်းအရာများ ဆွေးနွေးခဲ့ကြောင်း သိရသည်။


အဆိုပါ Talk Show အစီအစဉ်ကို ခိုလမ်မြို့ ပြည်သူ့စာကြည့်တိုက် Page နှင့် We Love Kholam Pageများတွင် ပြည်သူများသိရှိစေရန် လွှင့်တင် သွားမည်ဖြစ်ကြောင်း သိရသည်။


နေလင်းထွန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment