"၀"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အမျိုးသမီးရေးရာအဖွဲ့မှ ဟိုပန်မြို့နယ်၊ စံပြကျေးရွာသို့ ကွင်းဆင်း၍ သန့်စင်ခန်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

"၀"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အမျိုးသမီးရေးရာအဖွဲ့မှ ဟိုပန်မြို့နယ်၊ စံပြကျေးရွာသို့ ကွင်းဆင်း၍ သန့်စင်ခန်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်



MNP ၊ မတ်  ၁၀

"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ အမျိုးသမီးရေးရာအဖွဲ့မှ မြောင်ဇီးတိုင်းရင်းသားများ အများဆုံး နေထိုင်သည့် ဟိုပန်မြို့နယ်၊ စံပြကျေးရွာသို့ ကွင်းဆင်း၍ ယမန်နေ့နံနက် (၉)နာရီက သန့်စင်ခန်း(​ရေအိမ်သာ)သုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။


ထိုသို့ ထောက်ပံ့ရာတွင် "၀"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နွေမိုးအေး ဦးဆောင်၍ ခရိုင်အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်နီလာခိုင်၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ချယ်ရီစိုးနှင့် အဖွဲ့ဝင်များက စံပြကျေးရွာ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရန်နှင့် ကျန်းမာရေးနှင့်အညီ  ကောင်းမွန်စွာနေထိုင်ကြစေရန် မြောင်ဇီး တိုင်းရင်းသားပြည်သူ မိသားစုဝင်များ၏ နေအိမ်များသို့ ကွင်းဆင်း၍ သန့်စင်ခန်း(​ရေအိမ်သာ) မရှိသေးသည့် နေအိမ်များနှင့် ပျက်ဆီးနေသော အိမ်သာများအား ပြန်လည်ပြုပြင်နိုင်ရေး အိမ်သာသုံးပစ္စည်းများဖြစ်သည့် သန့်စင်ခန်းသုံး ခွက်၊ ​ပိုက်၊ ရေခွက်၊ ရေပုံး၊ တံမြက်စည်းအကြမ်းများကို အိမ်တိုင်ရာရောက် ထောကပံ့ပေးအပ်ခဲ့ပြီး သန့်စင်ခန်း ဆောက်လုပ်သင့်သော နေရာများကို ကြည့်ရူစစ်ဆေးလမ်းညွှန်မှုပေးကာ သန့်စင်ခန်းဆောက်လုပ်ပြီးပါက သန့်ရှင်းစွာ အသုံးပြုကြစေရေးနှင့် အနံ့အသက်ကင်းပြီး ရောဂါမဖြစ်ပွားစေရေးတို့အတွက် သန့်စင်ခန်းခွက်များကို အဖုံး ဖုံးအုပ်ထားရှိရန်၊ ရေမြောင်းပိတ်ဆို့မူများကို ရှင်းလင်းရန်နှင့် ကျေးရွာ ပတ်ဝန်းကျင် သန့်ရှင်းရေးကို အထူးဂရုပြု စုပေါင်းဆောင်ရွက်သွားကြရန် စသည့်ဖြင့် အသိပညာပေး ဟောပြောခဲ့ကြသည်။


အဆိုပါ သန့်စင်ခန်းသုံး(ရေအိမ်သာ)သုံးပစ္စည်းများနှင့် တံမြက်စည်းကြမ်းများကို အိမ်ထောင်စု (၁၃)စုအား အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း "ဝ"ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း အမျိုးသမီးရေးရာအဖွဲ့မှ သိရသည်။


ဇင်ဇင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)