ပြည်ခရိုင်ရုံး၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲ ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ခရိုင်ရုံး၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲ ကျင်းပပြုလုပ်



MNP ၊ မတ်  ၁၀

ကျောင်းသား၊ ကျောင်းသူလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးနှင့်အသိပညာဗဟုသုတမြင့်မားရေးရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉:၀၀ နာရီက ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူးက ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များအား မူးယစ်ဆေးဝါးအန္တရာယ်ဆိုးကျိုးများအကြောင်းနှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း ရှင်းလင်းဆွေးနွေးသည်။


ယင်းနောက် ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား မူးယစ်ဆေးဝါးအန္တရာယ်နံရံကပ်စာစောင်များနှင့် စာသုံးသူ​ရေးရာဦးစီးဌာနမှ ထုတ်ဝေထားသော စားသုံးရန်မသင့်သည့် အစားအစာများအကြောင်း နံရံကပ်စာစောင်များကို ကြည်ရှုလေ့လာစေခဲ့ပြီး ဗဟုသုတဖြစ်ဖွယ် စာအုပ်များအား ဖတ်ရှုလေ့လာစေခဲ့သည်။


အဆိုပါအခမ်းအနားသို့ ကျောင်းသား၊ ကျောင်းသူ ၂၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။


ကိုစိုး

 https://t.me/MyanmarNationalPost




No comments:

Post a Comment